"ကူးစက်ရောဂါရှိလျှင် အရောင်ပြောင်းသွားမည့် ကွန်ဒုံးကိုကျောင်းသားများ တီထွင်"
လိင်မှတဆင့် ကူးစက်တက်တဲ့ရောဂါရှိမယ်ဆိုရင် အရောင်ပြောင်းသွားမယ့် ကွန်ဒုံးတစ်မျိုးကို ဆယ်ကျော်သက် ကျောင်းသားသုံးဦးက ပူးပေါင်းတီထွင်လိုက်ပါတယ်။ ကွန်ဒုံးအသုံးပြုတဲ့သူဆီမှာ ကာလသားရောဂါလိုမျိုး လိင်ကတဆင့်ကူးစက်နိုင်တဲ့ ရောဂါရှိနေမယ်ဆိုရင် ကွန်ဒုံးက အလွယ်တကူသိရှိပြီး အရောင်ပြောင်းသွားမှာ ဖြစ်ပါတယ်။
လန်ဒန်အရှေ့ပိုင်းက အီဆက်နယူတန်အကယ်ဒမီမှာ တက်ရောက်နေကြတဲ့ ဆယ်ကျော်သက် ကျောင်းသားသုံးဦးက ဒီလိုကွန်ဒုံးကို တီထွင်ဖို့ စိတ်ကူးရခဲ့တာဖြစ်ပါတယ်။ မော့ဇ်နာဝက်ဇ် (၁၃ နှစ်)၊ အလီ (၁၄ နှစ်)၊ ချီရက်ဆက်ရှ် (၁၄နှစ်) တို့ ဖြစ်ပါတယ်။ ဗြိတိန်တဝှမ်းမှာ လိင်မှတဆင့် ကူးစက်တဲ့ရောဂါ ပျံ့ပွားလျက်ရှိကြောင်း သူတို့သိရလိုက်ရချိန်မှာ ဒါကိုတီထွင်ဖို့ စိတ်ကူးဥာဏ်ရသွားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆန်းသစ်မှုက ရာပေါင်းများစွာသော လူတွေရဲ့အသက်ကို ကယ်နိုင်မယ်လို့ ယူဆပြီး ကွန်ဒုံးကို ဖန်တီးခဲ့ကြတာ ဖြစ်ကြောင်း ကျောင်းသားတစ်ဦးဖြစ်တဲ့ ဆက်ရှ်က ပြောပါတယ်။
ဒီကွန်ဒုံးအသုံးပြုတဲ့သူမှာ ရောဂါရှိနိုင်တာ သိနိုင်ရုံတင်မကပဲ သူ့ရဲ့အဖော်မှာပါ ရောဂါရှိမရှိကို ကွန်ဒုံးက သိနိုင်စွမ်းရှိပါတယ်။ ကွန်ဒုံးက ကူးစက်ရောဂါကို တစ်ခါတွေ့လိုက်ရုံနဲ့ ချက်ခြင်းသိပြီး အရောင်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
Ref - cnn
Credit: Planet
Thursday, June 25, 2015
"ကူးစက်ရောဂါရှိလျှင် အရောင်ပြောင်းသွားမည့် ကွန်ဒုံးကိုကျောင်းသားများ တီထွင်"
Labels:
ဗဟုသုတ
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment