Wednesday, June 24, 2015

"အသက် (၁၈) နှစ်သာ ရှိသေးပေမယ့် အသက် (၁၄၄) နှစ် ပုံစံ ပေါက်နေသူ"

"အသက် (၁၈) နှစ်သာ ရှိသေးပေမယ့် အသက် (၁၄၄) နှစ် ပုံစံ ပေါက်နေသူ"

ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ အသက် (၁၈) နှစ် အရွယ် အမျိုးသမီးတစ်ဦးဟာ အသက် (၁၄၄) နှစ် အရွယ် ပုံစံမျိုး ပေါက်နေတာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

ဒီအမျိုးသမီးဟာ လက်ရှိ အသက်အရွယ်ထက် (၁၀) ဆခန့် ကြီးနေတဲ့ပုံစံ ပေါက်နေတာ ဖြစ်ပါတယ်။ ဒါဟာ ရောဂါတစ်မျိုးကြောင့် ဖြစ်ပြီး ဒီရောဂါဝေဒနာ ခံစားနေရသူဟာ အသက် (၁၄) နှစ်ထက် ပိုပြီး အသက်ရှင်လေ့ မရှိကြောင်း သိရပါတယ်။ ဒါပေမဲ့ ပွန်ဒါရီကတော့ အသက် (၁၈) နှစ်အထိ အသက်ရှင်နေဆဲ ဖြစ်ပြီး သူ့ရဲ့ မွေးနေ့ပွဲကို ခမ်းနားစွာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ပွန်ဒါရီဟာ Progeria လို့ ခေါ်တဲ့ မျိုးရိုးဗီဇနဲ့ ဆိုင်တဲ့ ရောဂါ ရရှိနေပါတယ်။ ဒီရောဂါဖြစ်ဖို့ဆိုတာ ဖြစ်နိုင်ခြေ နည်းလွန်းပေမယ့် ပွန်ဒါရီဟာ ကံဆိုးသူတွေထဲမှာ ပါဝင် သွားခဲ့ပါတယ်။ ဒီရောဂါဟာ လူ (၈) သန်း မွေးတဲ့အခါမှ တစ်ဦးသာ ဖြစ်ပွားလေ့ရှိပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး စုဆောင်း မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရ တစ်ကမ္ဘာလုံးမှာ ရောဂါဖြစ်ပွားသူ (၈၀) ဦးသာ ရှိပြီး ဖိလစ်ပိုင်နိုင်ငံမှာတော့ နှစ်ဦးရှိတယ်လို့ ဆိုထားပါတယ်။ ပွန်ဒါရီဟာ ဖိလစ်ပိုင်နိုင်ငံမှာ ရှိနေတဲ့သူ နှစ်ဦးထဲမှာ တစ်ဦးအပါအ၀င် ဖြစ်ခဲ့ပြီး လက်ရှိဘ၀ကို အကောင်းဆုံး ဖြတ်သန်းဖို့ ကြိုးစားနေပါတယ်။ ပွန်ဒါရီက မိမိသည် ပြီးပြည့်စုံသည့် အမျိုးသမီးတစ်ဦး မဟုတ်ကြောင်း၊ ဆရာဝန်တွေက လျှင်မြန်စွာ သေဆုံးလိမ့်မယ်လို့ ဟြေကြားခဲ့ကြောင်း၊ မိမိကို အသက် (၁၅) နှစ် ကျော်လျှင် အသက်ရှင်သန်ရန် မလွယ်ကူဟု ပြောခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဒါပေမဲ့ ပွန်ဒါရီဟာ အသက် (၁၈) နှစ် အထိ အသက်ရှင် နေထိုင်နိုင်ဆဲ ဖြစ်တာကြောင့် ဒီရောဂါဖြစ်ပွားသူတွေထဲမှာ အသက်ရှည်ဆုံးသူ အနည်းငယ်ထဲမှာ တစ်ဦး အပါအ၀င် ဖြစ်ခဲ့ပါတယ်။ ပွန်ဒါရီဟာ အသက် (၁၈) နှစ်ပြည့် မွေးနေ့ကို သူငယ်ချင်း၊ မိသားစုတွေနဲ့အတူ ခမ်းနာစွာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ထူးခြားတာက ပွန်ဒါရီ မွေးနေ့ကို ဖိလစ်ပိုင်နိုင်ငံက အကျော်ကြားဆုံး ရုပ်ရှင်မင်းသီး ဆာရာဂါရိုနီမို ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ပွန်ဒါရီဟာ ဆာရာဂါရိုနီမိုကို တွေ့ချင်တဲ့ ဆန္ဒတွေ ပြည့်သွားအောင် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ပွန်ဒါရီဟာ မွေးနေ့ပွဲမှာ အလှပဆုံး ဂါဝန် (၃) စုံကို ၀တ်ဆင်ခဲ့ပါတယ်။ သေခြင်းတရားကို အနီးကပ်ဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ပွန်ဒါရီ မွေးနေ့ပွဲဟာ အားလုံးရဲ့ ကူညီ ဖေးမမူတွေကြောင့် ပျှော်ရွှင်စရာ ဖြစ်ခဲ့သလို ပွန်ဒါရီ ကိုယ်တိုင်လည်း အမြဲတမ်း အမှတ်ရနေမှာ ဖြစ်ပါတယ်။


အေသင်အောင်

Credit: messenger


No comments:

Post a Comment