"သမိုင်းဝင် အဆောက်အဦရှေ့မှာ Selfie ရိုက်ရင် ထောင်ကျသွားနိုင်တဲ့ ဥပဒေ"
အများပြည်သူ အပန်းဖြေလှုပ်ရှားသွားလာလေ့ရှိတဲ့ အထိမ်းအမှတ် အဆောက်အဦတွေရှေ့မှာ Selfie ဓါတ်ပုံရိုက်ခြင်းကို တားမြစ်ဖို့ ဥရောပသမဂ္ဂအဖွဲ့က ကြိုးပမ်းလျှက်ရှိပါတယ်။ အထင်ကရ သမိုင်းဝင် အဆောက်အဦတွေရှေ့မှာ Selfie ဓါတ်ပုံရိုက်တာတွေကို တားမြစ်မယ့် ဥပဒေတစ်ရပ်ကို လာမယ့် တပတ်အတွင်း အတည်ပြုပေးဖို့ ဥရောပသမဂ္ဂက ကြိုးစာေးနတာဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာ အထိမ်းအမှတ် သမိုင်းဝင် အဆောက်အဦတွေရှေ့ ဓါတ်ပုံရိုက်ခြင်းကို တားမြစ်ထားတဲ့ နေရာတွေလည်း တဖြည်းဖြည်း များပြားလာနေပြီဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် သမိုင်းဝင် အဆောက်အဦတွေရှေ့မှာ ဒီလို ဓါတ်ပုံရိုက်တဲ့သူတွေ နေ့စဉ် တစ်သန်းခန့်အနည်းဆုံး ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ အထူးသဖြင့်တော့ ဒီဥပဒေဟာ စီးပွားရေးအရ လုပ်ငန်းသသဘော ရိုက်ကြတဲ့ ဓါတ်ပုံသမားတွေကို တားမြစ်တဲ့သဘော ဖြစ်ပါတယ်။ အများပြည်သူအပန်းဖြေရာ သမိုင်းဝင် အဆောက်အဦတွေရှေ့မှာ ဒီလိုဓါတ်ပုံရိုက်ကြတဲ့အခါ သာမန် ခရီးသွားပြည်သူတွေကို အနှောက်အယှက် ဖြစ်စေတယ်ဆိုပြီး ဥရောပသမဂ္ဂက ဒီဥပဒေကို တင်သွားဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဥပဒေသစ် တင်သွင်းအောင်မြင်ခဲ့ရင်တော့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဥရောပနိုင်ငံပေါင်း ၂၈ နိုင်ငံက သမိုင်းဝင် အဆောက်အဦတွေရှေ့မှာ သင် Selfie ဓါတ်ပုံလည်း ရိုက်လို့ရတော့မှာ မဟုတ်ပါဘူး။
ဥပဒေကိုချိုးဖောက်ပြီး ဓါတ်ပုံရိုက်မိရင် ဒဏ်ငွေဆောင်ရနိုင်သလို သင် တရားစွဲခံရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အခန့်မသင့်ရင် သင် ထောင်ဒဏ်ပါကျခံရနိုင်မယ့် အပြင်းစား ဥပေဒမျိုးကို အသက်သွင်းဖို့ EU က ကြိုးပမ်းနေတာဖြစ်ပါတယ်။
Ref - dailymail
Credit: Planet
Tuesday, June 30, 2015
"သမိုင်းဝင် အဆောက်အဦရှေ့မှာ Selfie ရိုက်ရင် ထောင်ကျသွားနိုင်တဲ့ ဥပဒေ"
Labels:
နိုင်ငံတကာသတင်း
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment