"အကြမ်းတမ်းဆုံး အားကစားပြိုင်ပွဲ"
ကွင်းကြီးတစ်ကွင်းထဲမှာ လူအုပ်စုကြီး အချင်းချင်း ထိုးသတ်နေတဲ့မြင်ကွင်းဟာ မသိရှိသူတွေအတွက်ကတော့ သတ်ပွဲကြီးတစ်ပွဲလို့ ထင်မှတ်နေကြမှာ ဖြစ်ပါတယ်။ တကယ်တော့ အားကစားပြိုင်ပွဲ တစ်ခုသာဖြစ်ပြီး အနိုင်ရဖို့ တစ်ဦးနဲ့တစ်ဦး အကြိတ်အနယ် ယှဉ်ပြိုင်နေကြခြင်းသာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဦးနဲ့တစ်ဦး ညှာတာနေခြင်းမရှိဘဲ သတ်ပုတ်နေကြတာကြောင့် ဒီပြိုင်ပွဲကို အကြမ်းတမ်းဆုံး အားကစားပြိုင်ပွဲအဖြစ် သတ်မှတ်ထားပါတယ်။ အကာအကွယ်ပစ္စည်းတွေ ပါဝင်ခြင်းမရှိဘဲ သတ်ပုတ်နေကြတာဖြစ်ပြီး၊ တစ်ဦးချင်း ထိုးသတ်ရတာ မျိုးရှိသလို အုပ်စုလိုက် တိုက်ခိုက်ရတာမျိုးလည်း ရှိပါတယ်။ ဒီပြိုင်ပွဲကို အီတလီနိုင်ငံ၊ ဖလောရင့်စ်မြို့မှာ ကျင်းပ ပြုလုပ်တာဖြစ်ပြီး ကယ်လ်စီယိုစတိုရီကိုလို့ ခေါ်ဆိုပြီး တစ်နည်းအားဖြင့် တစ်သင်းကို (၂၇)ယောက်စီ ၀င်ရောက် ကစားရတဲ့ ပြိုင်ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ ဘောလုံးပြိုင်ပွဲနဲ့ ဆင်တူပြီး ဘောလုံကို တစ်ဖက်အသင်းရှိနေတဲ့ စည်းထဲကိုရောက်အောင် ပြုလုပ်နိုင်ပါက အနိုင်ရမှာဖြစ်ပါတယ်။ ကွင်းကြီးထဲမှာ ဘောလုံးတစ်လုံးတည်းကိုများ ပြားလှတဲ့နှစ်ဖက် အသင်းကစားသမားတွေ လိုက်လုရင်း ထိုသတ်မှုတွေပြုလုပ်ကြခြင်း ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်တွေ ဖလောရင့်စ်မြို့ကို သိမ်းယူပြီးတဲ့နောက်မှာ သူတို့ကစားနည်းကို မိတ်ဆက်ခဲ့တာဖြစ်ပြီး ၁၅၇၃ ကတည်းက စတင် ကစားလာတာဖြစ်ပါတယ်။ ၁၉၃၀ မှာတော့ ကစားနည်းပုံစံကို ပြောင်းလဲခဲ့ပြီး အသင်းလေးသင်း တွေ့ဆုံ ယှဉ်ပြိုင်စေပါတယ်။ အန္တရာယ်များတဲ့ပြိုင်ပွဲဖြစ်ပေမယ့် အစဉ်အလာအရ ကျင်းပတဲ့ပြိုင်ပွဲဖြစ်တာကြောင့် နှစ်စဉ် ဇွန်လကိုရောက်တဲ့ အခါတိုင်း ကျင်းပလေ့ရှိပြီး လာရောက်ကြည့်ရှုသူတွေလည်း အများအပြား ရှိခဲ့တယ်လို့ သိရပါတယ်။ ဘောလုံးတစ်လုံး ရယူနိုင်ဖို့ သတ်ပုတ်ပြိုင်ပွဲဝင်ရတာကြောင့် သတ်္တိ အလွန်ကောင်းတဲ့သူတွေသာ ၀င်ရောက်ယှဉ်ပြိုင်လေ့ ရှိပါတယ်။
Credit: messenger
Friday, June 26, 2015
"အကြမ်းတမ်းဆုံး အားကစားပြိုင်ပွဲ"
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment