"ဆိုင်ရှင်ကချောလွန်းလို့ ရောင်းကောင်းနေတဲ့ ထိုင်ဝမ်က တို့ဟူးဆိုင်"
ထိုင်ဝမ်နိုင်ငံမှာရှိတဲ့ သာမန်တိုဟူးဆိုင်ကလေးဟာ အမျိုးသားတစ်ဦးကြောင့် အလွန် ရောင်းကောင်းနေရပါတယ်။ ကြိတ်ကြိတ်တိုး အားပေးဝယ်ယူနေကြတဲ့ ဖောက်သည်တွေကတော့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ တိုဟူးဆိုင်မှာရှိတဲ့ အသက် ၂၆ နှစ်အရွယ် ချန်ရီတင်ဟာ ဆွဲဆောင်မှု အားကောင်းတဲ့ အမျိုးသားတစ်ဦးပုံစံ ရှိနေတာကြောင့် သူ့ဆိုင်မှာ အမျိုးသမီး ဖောက်သည်တွေ ကြိတ်ကြိတ်တိုး စည်ကားနေရတာ ဖြစ်ပါတယ်။
ထိုင်ဝမ် အင်တာနက်သုံးစွဲသူတွေ ကြားမှာတော့ ဒီအကြောင်းအရာက ထိပ်ဆုံးမှာနေရာယူထားပြီး သူ့အကြောင်းကို နေ့စဉ် လူပြောများနေပါတယ်။ လူသိများလာပြီးတဲ့နောက်မှာတော့ သူ့အကြောင်းကို facebook မှာရှာဖွေခဲ့တဲ့ ပရိသတ်တစ်ဦးကြောင့် ပိုပြီး လူသိများလာခဲ့ပါတယ်။ ချန်ဟာ တိုဟူးဆိုင်ကဖြစ်ပေမယ့် ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ အဆင့်မြင့်ကားကုမ္ပဏီ မာစီဒီးလိုမျိုးအတွက်တောင် မော်ဒယ်အဖြစ် သရုပ်ဆောင်ပေးသူဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ သူမော်ဒယ်အဖြစ် သရုပ်ဆောင်ထားတဲ့ ဓါတ်ပုံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမယ့် ထိုင်ဝမ်က သာမန်အလုပ်လုပ်သူတွေထဲမှာ တို့ဟူးရောင်းတဲ့ ချန်တစ်ယောက်တည်း ဒီလိုရုပ်ဖြောင့်တာတော့ မဟုတ်ပါဘူး။ ဈေးရောင်းတွေသူတွေဖြစ်ကြတဲ့ အသက် ၂၀ အရွယ် ယူရှန်ဂလွန်နဲ့ အသားရောင်းတဲ့ အမျိုးသမီး ဇန် တို့ဟာလည်း ရုပ်ဖြောင့်သူတွေအဖြစ် နာမည်ကြီးကြပါတယ်။
Ref - dailymail
Credit: Planet
Wednesday, June 24, 2015
"ဆိုင်ရှင်ကချောလွန်းလို့ ရောင်းကောင်းနေတဲ့ ထိုင်ဝမ်က တို့ဟူးဆိုင်"
Labels:
နိုင်ငံတကာသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment