Friday, June 26, 2015

"အချို့သော အမျိုးသမီးတွေဟာ ရှိရင်းစွဲအသက်ထက် ဘာ့ကြောင့် ပိုမို နုပျိုနေသလဲဆိုတာ"

"အချို့သော အမျိုးသမီးတွေဟာ ရှိရင်းစွဲအသက်ထက် ဘာ့ကြောင့် ပိုမို နုပျိုနေသလဲဆိုတာ"

တစ်ချို့တစ်ချို့သော အမျိုးသမီးတွေဟာ ရှိရင်းစွဲထက် ပိုမို နုပျိုနေတတ်တာ၊ အသက်ပြောလိုက်ခါမှ ဟာခနဲ ဖြစ်သွားတဲ့အထိ ငယ်ရွယ်နုပျိုနေကြတာ ဘာ့ကြောင့်များလဲလို့ လူတွေ တွေးမိတတ်ကြပါတယ်။ သူတို့ရဲ့လျှို့ဝှက်ချက်က ဘာများလဲရယ်လို့လည်း သိချင်ကြပါတယ်။

Harvard တက္ကသိုလ်က လေ့လာတွေ့ရှိချက်အရတော့ ကိုယ့်အသက်အရွယ်ထက် များစွာနုပျိုနေတတ်တဲ့ လူတွေဟာ အလှအပနဲ့ပတ်သက်တဲ့ နည်းလမ်းတွေကို မလိုက်စားတတ်ကြဘူးလို့ ဆိုထားပါတယ်။ နောက်တစ်ချက်ကတော့ သူတို့တွေမှာ Methuselah ဆိုတဲ့ မျိုးရိုးဗီဇ ရှိနေလို့ပါတဲ့။

Methuselah ဆိုတဲ့ မျိုးရိုးဗီဇ ပိုင်ဆိုင်တဲ့ လူတွေဟာ ဆေးလိပ်သောက်ခြင်းကြောင့် ခံစားရတဲ့ ဆိုးကျိုးတွေ၊ အစားအစာကို ဖြစ်သလို စားခြင်းကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို သူများတွေထက် ပိုကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သူဟာ အသက်အရွယ်နဲ့ ဆက်နွယ်ပြီး ဖြစ်နိုင်ချေများတဲ့  နှလုံးရောဂါကိုလည်း လျော့ချပေးနိုင်ပါတယ်။


ဟန်နီ

Credit:Trend Myanmar


No comments:

Post a Comment