"သင့်စိတ်ကိုပြောင်းလဲစေနိုင်တဲ့ အစားအစာတွေ"
အစားအစာဆိုတာ နေ့စဉ်လူသားတွေအတွက် မရှိမဖြစ်အရေးပါတဲ့ အရာဖြစ်ပါတယ်။ အစားအစာကို ဘာကြောင့် ကျွန်တော်တို့စားသုံးကြပါသလဲ။ ကျန်းမာဖို့၊ အသက်ရှင်ဖို့အတွက် အဓိကစားသုံးကြတာ ဖြစ်ပါတယ်။ အစားအစာအချို့ဟာ သင့်ရဲ့စိတ်ကို အပြောင်းအလဲဖြစ်နိုင်တာကို သင်သိပါသလား။ သင်ဘယ်လို ခံစားမှုမျိုး ဖြစ်နေချိန်မှာ ဘယ်လိုအစားအစာမျိုး စားသင့်တယ်ဆိုတာ အောက်မှာရှင်းပြထားပါတယ်။ သင်မှတ်ထားရမှာက သင်စားသောက်တဲ့အစားအစာဟာ သင့်ရဲ့ ခန္ဓာကိုယ်အတွက်သာမဟုတ်ပဲ စိတ်ကျန်းမာရေးကိုပါ သက်ရောက်မှု ရှိတယ်ဆိုတာပါပဲ။
ချောကလက်
သင့်အနေနဲ့ စိုးရိမ်စရာတွေ၊ ဖိစီးမှုတွေများနေမယ်ဆိုရင် ချောကလက်ကို စားပေးသင့်ပါတယ်။ ချောကလက်မှာ ပါဝင်တဲ့ဓါတ်ပြုပစ္စည်းတွေက သင့်ကို ဖိစီးမှုဒဏ်ကကင်းဝေးစေမယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။
ကော်ဖီ
အလုပ်မှာ အာရုံစူးစိုက်လို့မရတဲ့ပြဿနာ သင်ကြုံနေရပါသလား။ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး ဒါကိုလူအတော်များများ ဖြစ်ဖူးကြပါလိမ့်မယ်။ အာရုံစိုက်လို့မရအောင် စိတ်ပျံ့လွင့်နေတယ်ဆိုရင်တော့ သင်ကော်ဖီတစ်ခွက်လောက် ထသောက်လိုက်သင့်ပါတယ်။
ပရိုတိန်းဓါတ်များသော အစာများ
အိပ်မပျော်တာ ခဏခဏဖြစ်နေပြီထင်ပါသလား။ ဒါမှမဟုတ် အစားစာချင်စိတ်မဖြစ်တာမျိုး သင်ကြုံနေရပါသလား။ ဒါဆိုရင် အသားဓါတ်များများပါတဲ့ အစားအစာမျိုး သင်စားဖို့ လိုနေပါပြီ။ ကြက်ဥ၊ ကြက်သား၊ ပင်လယ်ငါးမျိုးစုံနဲ့ အမဲသားတွေက သင့်ကို အစားစားချင်စိတ် ပြန်ရလာအောင် လုပ်ပေးနိုင်ပါလိမ့်မယ်။
သစ်အယ်သီး သို့မဟုတ် လဘက်ရည် (ရေနွေးကြမ်း)
စိတ်ညစ်စရာတွေ ကြုံရလို့ စိတ်ဓါတ်ကျတာတွေ သင်ကြုံရတဲ့အခါမျိုး ရှိနိုင်ပါတယ်။ ဒါဆိုရင်တော့ သစ်အယ်သီး ဒါမှမဟုတ် လဘက်ရည် ပုံမှန်သောက်ပေးဖို့ မမေ့ပါနဲ့။ သစ်အယ်သီးမှာ ပါဝင်တဲ့ ဓါတ်တွေက သင့်စိတ်ကျန်းမာရေးအတွက် အထောက်အကူအကောင်းဆုံးပြုပေးတဲ့ အရာတွေဖြစ်ပါတယ်။
Ref - huffingtonpost
Credit: Planet
No comments:
Post a Comment