Monday, June 29, 2015
"အချစ်ရေးမှာ အဆင်မပြေဖြစ်နေတဲ့ သူငယ်ချင်းကို ဘယ်လိုအားပေးကူညီမလဲ"
"အချစ်ရေးမှာ အဆင်မပြေဖြစ်နေတဲ့ သူငယ်ချင်းကို ဘယ်လိုအားပေးကူညီမလဲ"
တစ်ခါတစ်လေ ကျွန်ုပ်တို့ မိတ်ဆွေ သူငယ်ချင်းတွေထဲမှာ အချစ်ရေးကိစ္စ အဆင်မပြေဖြစ်နေတဲ့သူတွေ၊ အခက်အခဲ ကြုံနေရသူတွေ ရှိနေတတ်ပါတယ်။ အဲဒီလိုခံစားနေရတဲ့ သူငယ်ချင်းတွေကို သင့်အနေနဲ့ ဘယ်လိုကူညီပေးနိုင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ သင်လုပ်ဆောင်ပေးရမှာက အချက် (၃) ချက်တည်းပါ။
(၁) သူမျက်ရည်ကျ ငိုကျွေးနိုင်ဖို့အတွက် ပခုံးအပ် အကူအညီပေးပါ။ ဒါပေမယ့် သင့်သူငယ်ချင်းရဲ့ လက်တွဲဖော်ကို အလျင်စလိုဝေဖန်ခြင်း မပြုပါနဲ့ဦး။ သူတို့ နှစ်ဦးနှစ်ဖက်မှာ ခံစားနေရတဲ့ ဇာတ်လမ်းကိုယ်စီ ရှိနေတတ်တာကြောင့်ပါ။ သူတို့နှစ်ဦး ပြန်လည်သင့်မြတ်သွားရင် သင့်သူငယ်ချင်းက သင့်ကို မကျေမချမ်းနိုင် ဖြစ်သွားနိုင်ပါတယ်။
(၂) သင့်သူငယ်ချင်းဘက်က အပြုအမူ မှားနေရင် သူ့ကို ညင်ညင်သာသာ အကြံပေးဖို့ မကြောက်ပါနဲ့။ မိတ်ဆွေကောင်းတစ်ယောက်က သင့်အကြံပေးချက်ကို တန်ဖိုးထားမှာဖြစ်ပြီး သူတို့ရဲ့ သဘောထားကို ပြန်လည် သုံးသပ်ကောင်း သုံးသပ်လာနိုင်ပါတယ်။
(၃) သင့်သူငယ်ချင်းရဲ့ ချစ်သူချင်း ဆက်ဆံရေးက စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် အပြုအမူပိုင်း ဆိုင်ရာအရ ကြမ်းတမ်းခက်ထန်လာရင် သူတို့လိုအပ်တဲ့ အကူအညီကို မဖြစ်မနေ ကူညီဆောင်ရွက်လိုက်ပါ။
ပေါ်ထွန်း
Credit: Trend Myanmar
Labels:
ချစ်မှုရေးရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment