"(၁၆) နှစ်သမီး မွေးနေ့ပွဲကို ဖေ့စ်ဘွတ်ခ်ကနေ ဖိတ်လိုက်ရာ လူငယ် (၃၀၀) လောက် ရောက်လာလို့ ဓားခုတ်ပွဲတွေပါဖြစ်"
လန်ဒန်မြို့အရှေ့ပိုင်း ဒါဂန်ဟမ် အရပ်တွင် မိန်းကလေးတစ်ဦးသည် (၁၆) နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပမည်ဟု ဖေ့စ်ဘွတ်ခ်ကတစ်ဆင့် ဖေ့စ်ဘွတ်ခ် မိတ်ဆွေများကို ဖိတ်လိုက်ရာ လူငယ် ဆယ်ကျော်သက် အယောက် (၃၀၀) လောက် မိန်းကလေး၏ မွေးနေ့ပွဲသို့ ပြုံပြီး ရောက်လာသဖြင့် လူငယ်တွေချင်း စကားများရာမှတစ်ဆင့် ဓားခုတ်ပွဲထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
(၁၆) နှစ်သမီး ဘနန်ဒစ်တီဘီကာ တို့အိမ်ရှိရာ လမ်းကလေးထဲတွင် လူငယ် သုံးရာလောက် ဓားခုတ် ထိုးကြိတ်ပွဲကြီးကြောင့် လမ်းထဲနေသူများမှာ ကြောက်ကြောက်လန့်လန့်ဖြင့် အိမ်တံခါးများ ပိတ်ကာ ဘုရားတနေကြရကြောင်း လမ်းထဲတွင် နေသူများက ရင်ဖွင့်သည်။
ရဲများ ရောက်လာပြီး ထိန်းသိမ်းနိုင်မှုကြောင့် ရန်ပွဲကြီး ပြီးသွားသည်။ (၁၀) လက်မရှည်သည့် အမဲလိုက်ဓားအပါအ၀င် ဓားသုံးချောင်းပါ လူငယ်များထံက သိမ်းဆည်းရမိသည်။ ရဲကို ပြန်လည်တိုက်ခိုက်မှုဖြင့် (၁၅) နှစ်သား ကျောင်းသား တစ်ယောက်ကို ဖမ်းထားသည်။ (၁၇) နှစ်သား တစ်ယောက်ကိုလည်း လက်နက် ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည်။
“တခြား မိဘတွေကိုလည်း အကြံပြုလိုပါတယ်။ ကလေးတွေ မွေးနေ့ပွဲ ကျင်းပရင် ဖေ့စ်ဘွတ်ခ်ကနေ မဖိတ်ခိုင်းပါနဲ့။ အခုလို လူငယ်တွေ ရာချီပြီး ရောက်လာရင် ပြဿနာ သိပ်များလွန်းလို့ပါ” ဟု မိန်းကလေး၏ ဖခင် အသက် (၄၆) နှစ်အရွယ် ကုန်ပစ္စည်း ပို့ဆောင်ရေး အလုပ်လုပ်သူ ဆာကီဘီကာက ပြောသည်။
ဒါဂန်ဟမ်အရပ်ရှိ ၎င်းတို့အိမ်ရှိရာ လမ်းကလေးထဲတွင် လူငယ် ရန်ပွဲကြီးကြောင့် အမှိုက်များ ပြန့်ကျဲ ရှုပ်ပွ ပျက်စီးမှုများကိုလည်း မစ္စတာဘီကာနှင့် သားသမီး သုံးယောက်အပါအ၀င် မိသားစုများ ၀ိုင်းရှင်းလင်းပေးခဲ့ရကြောင်း သိရသည်။
Credit: messenger
Tuesday, June 23, 2015
"(၁၆) နှစ်သမီး မွေးနေ့ပွဲကို ဖေ့စ်ဘွတ်ခ်ကနေ ဖိတ်လိုက်ရာ လူငယ် (၃၀၀) လောက် ရောက်လာလို့ ဓားခုတ်ပွဲတွေပါဖြစ်"
Labels:
နိုင်ငံတကာသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment