Wednesday, March 4, 2015

"ချစ်သူတွေကြား မဖြစ်မနေ ပြုမူလုပ်ဆောင်သင့်ပေမယ့် လုပ်ဆောင်ဖို့ မေ့လျော့နေတတ်တဲ့ အချက်များ"

"ချစ်သူတွေကြား မဖြစ်မနေ ပြုမူလုပ်ဆောင်သင့်ပေမယ့် လုပ်ဆောင်ဖို့ မေ့လျော့နေတတ်တဲ့ အချက်များ"

သင်နဲ့သင့်ချစ်သူဟာ လက်တွဲခဲ့တဲ့ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ တွဲကာစအချိန်တုန်းကလို တစ်ဦးနဲ့တစ်ဦး ပြုမူပြောဆိုပုံလေးတွေအတိုင်းတော့ မလုပ်ဆောင်ဖြစ်တော့တာ သေချာပါတယ်။ တကယ်တော့ အချစ်ရေးတစ်ခု အောင်မြင်ဖို့ သော့ချက်တချို့ဟာ သင်တို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ပြုမူဆက်ဆံတတ်ကြတဲ့ အသေးအဖွဲ့ ကိစ္စလေးတွေထဲမှာ ရှိနေပါတယ်။ ဒါ့ကြောင့် ကိုယ့်ချစ်သူအပေါ် ဒီလိုအချက်ကလေးတွေ လုပ်ဆောင်ပေးဖို့ လိုအပ်တဲ့အကြောင်း တစ်ချက် သတိပေးလိုက်ပါရစေ။

(၁) မင်းကို အရမ်းချစ်တယ်ဆိုတဲ့ စကားကို ပြောဖို့ ဘယ်တော့မှ မမေ့လျော့ပါနဲ့။

ဒီစကားသုံးလုံးဟာ အမျိုးသမီးတစ်ယောက်ရဲ့ ရင်ထဲ စွဲမြဲနေစေနိုင်ပါတယ်။ ဖြစ်နိုင်ရင် နေ့တိုင်းပြောပေးပါ။ ဘာတွေပဲဖြစ်ဖြစ် သူ့ကို ချစ်တယ်ဆိုတာမျိုး သူသိတဲ့အခါ စိတ်ထဲမှာလည်း အလိုလိုနေရင်း ယုံကြည်မှုတွေ တိုးလာပါလိမ့်မယ်။

(၂) တစ်ယောက်နဲ့တစ်ယောက် တွေ့ကြတဲ့အခါ နှုတ်ဆက်အနမ်းလေးတွေ ပေးဖို့ ဘယ်တော့မှ မမေ့ပါနဲ့။

နှစ်ဦးသား ဆုံတဲ့အခါ အနည်းဆုံး နဖူးလေးကို အနမ်းပေးရင်း နှုတ်ဆက်လိုက်ပါ။ နှုတ်ဆက်ခါနီးအချိန်ဆိုရင်လည်း သူ့ကို အနမ်းလေးတစ်ပွင့်နဲ့ နှုတ်ဆက်သင့်ပါတယ်။

(၃) တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်စနောက်ပြီး ပျော်စရာလေးတွေ ဖန်တီးဖို့ မမေ့ပါနဲ့။

နှစ်ဦးသား ရုပ်တည်ကြီးတွေနဲ့ အတည်အခန့်တွေချည်း ပြောနေတာမျိုးဆိုတာ အမှတ်တရ ပျော်စရာတွေကို ထင်သလောက် ဖန်တီးမပေးနိုင်ပါဘူး။ ဒါ့ကြောင့် ချစ်သူနဲ့ ရှိနေချိန် ပျော်ပျော်နေပါ။ ဟန်ဆောင်ပြီး အတည်အခန့်ပုံစံ မဖန်တီးပါနဲ့။ သင့်စိတ်ထဲရှိသလို လွတ်လွတ်လပ်လပ်နေပါ။ သူ့ကိုလည်း အဲ့ဒီလိုဖြစ်အောင် သင် လုပ်ဆောင်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် သူ့အတွက် ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖန်တီးပေးပါ။ ဒါဟာ နှစ်ယောက်စလုံး အမှတ်ရစေမယ့် အချိန်လေးတွေပါပဲ။

(၄) တစ်ယောက်နဲ့တစ်ယောက် ခဏတာ ခွဲခွာရချိန်မျိုးမှာတောင် အဆက်အသွယ် မပြတ်ပါစေနဲ့။

တစ်ဦးနဲ့တစ်ဦး မဆုံဖြစ်တဲ့ နေ့တွေမှာ ဘာတွေဖြစ်ပျက် ကြုံခဲ့ရတယ်ဆိုတာတွေ၊ သင့် ခံစားချက်တွေကို မျှဝေကြဖို့ မမေ့ပါနဲ့။

(၅)သင့်အနေနဲ့ မုသားသုံးလိုက်တဲ့ ခဏတာဟာ သင်တို့ရဲ့အချစ်ခရီးလမ်းကို စတင် အက်ကွဲစေပြီဆိုတာ မမေ့ပါနဲ့။

အချစ်ရေးမှာ ရိုးသားစွာ ဆက်ဆံကြဟာ အဓိက ကျပါတယ်။ တစ်ယောက်က ညာတယ်ဆိုတာ သိလိုက်ရရင် နောက်တစ်ယောက်ဟာ သံသယတွေနဲ့ နေထိုင်နေရပါလိမ့်မယ်။ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုဆိုတာလည်း လွင့်ပါးသွားမှာပါ။ ဒါ့ကြောင့် အသေးအဖွဲကိစ္စလေးကစလို့ သူ့ကို အမှန်အတိုင်းသာ ပြောပါ။

(၆)သူမ ဘယ်လောက်လှကြောင်း၊ ဘယ်လောက် ဆွဲဆောင်မှုရှိကြောင်း ပြောပြဖို့ ဘယ်တော့မှ မမေ့ပါနဲ့။

နှစ်တွေကြာလာလို့ သူမအလေးချိန်တွေ တက်လာရင် (ဒါမှမဟုတ်) မျက်လုံးလေးတွေ မတောက်ပနိုင်တော့ရင်တောင် သင့်ရဲ့ ဒီစကားလေးတွေ သူမအတွက် လိုအပ်နေပါသေးတယ်။

(၇) အလုပ်တွေကြားမှာ အခြေကျလို့ မအားလပ်နိုင်ကြတော့ရင်တောင် အတူတကွ ထွက်လည်ဖို့ စီစဉ်တာဖို့လိုတာ မမေ့ပါနဲ့။

ဘယ်လောက်အလုပ်များတဲ့သူဖြစ်ပါစေ၊ ကိုယ့်ချစ်သူကိုတော့ အချိန်ပေးနိုင်ကြတာချည်းပါပဲ။ မအားတဲ့ကြားက အချိန်ပေးပြီး ကိုယ့်ချစ်သူကို တွေ့တာဟာ သင့်အတွက်ရော၊ သင့်ချစ်သူအတွက်ပါ လေးနက်တယ်ဆိုတာ ပြသရာ ရောက်ပါတယ်။

(၈) သင့်ရဲ့ ဘယ်လိုမျိုးလက်ဆောင်မဆို သူမကို အံ့သြပျော်ရွှင်သွားအောင် လုပ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။

တန်ဖိုးနည်းတာပဲဖြစ်ဖြစ် ၊ များတာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ မမေ့မလျော့ လက်ဆောင်လေးတွေ ပေးနေနိုင်ဖို့သာ အဓိကပါ။

(၉)  အရင်းနှီးဆုံးသူငယ်ချင်းတွေအဖြစ် ပေါင်းသင်းဆက်ဆံပေးဖို့ မမေ့ပါနဲ့။

သင့်ရဲ့ ရည်းစား၊ အိမ်ထောင်ရှင်မ၊ ကလေးတွေရဲ့အမေ ဘယ်ခြေအနေကိုပဲ ရောက်ရောက် တိုင်ပင်စရာရှိလာရင် အကောင်းဆုံး သူငယ်ချင်းတွေအဖြစ် ရပ်တည်ပေးဖို့ လိုပါတယ်။

(၁၀) ဘ၀မှာ တန်ဖိုးအရှိဆုံး လက်ဆောင်မွန်ဟာ ကိုယ့်ချစ်သူသာဖြစ်ကြောင်း သူသိအောင် ပြောပါ။

ကိုယ်တကယ်ချစ်မြတ်နိုးရတဲ့သူနဲ့ ဘ၀ကို အတူလျှောက်လှမ်းနေရတာဟာ တကယ်ကို ကောင်းမွန်တဲ့ ကံတရားပါ။ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိ နေထိုင်သွားကြမယ်ဆိုတဲ့အကြောင်း သူ့ကို ပေးသိရင်း သူဟာ သင့်အတွက် ဘယ်လောက်အဖိုးတန်ကြောင်း ပြောပြပေးပါ။


Credit: Trend Myanmar


No comments:

Post a Comment