Thursday, April 9, 2015

"အိပ်ယာတစ်ခုထဲ နှစ်ယောက်အတူ ပူးအိပ်ခြင်းဖြင့် ပျော်ရွင်မှုပိုရစေ"

"အိပ်ယာတစ်ခုထဲ နှစ်ယောက်အတူ ပူးအိပ်ခြင်းဖြင့် ပျော်ရွင်မှုပိုရစေ"

အလုပ်ကြောင့်ဖြစ်ဖြစ်၊ မိမိဘဝ အခြေအနေကြောင့်ဖြစ်ဖြစ် စိတ်ဖိစီးမှုကြုံရတဲ့အခါ အတူ ပူးကပ်အိပ်ဖို့ အပေါင်းအသင်း တစ်ယောက်ယောက်ရှာတာ အကောင်းဆုံး အဖြေတစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်တာ လူကို လုံခြုံစိတ်ချမှုရစေတယ်။ စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။

အိပ်စက်ခြင်းဟာ နှလုံးရောဂါနဲ့ စိတ်ရောဂါ ကုသမှုဆိုင်ရာ အရေးကြီးတဲ့ ကျန်းမာရေးဆိုင်ရာ အပြုအမူ တစ်ခုဖြစ်ပါတယ်။ အဲဒီအပြုအမူက စုံတွဲနဲ့အတူ အိပ်မှသာ အကျိုးသက်ရောက်မှု ရှိတယ်လို့ သိရပါတယ်။

မိမိချစ်သူနဲ့ ညလုံးပေါက် အတူ အိပ်လို့ရမယ့် အခွင့်အရေး ရှိချင်မှရှိဦးမှာပါ။ အိပ်ရင်း ဟောက်တတ်တာ၊ ဆောင့်ကန်တတ်တာ၊ စကားယောင်ပြောတတ်တာတွေဟာ ချစ်သူစုံတွဲများစွာကို သီးခြားအိပ်ဖို့ အကြောင်း ဖြစ်စေတတ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ဖက်မအိပ်ကြတာဟာ မိမိကိုယ်ကို အကျိုးမဲ့စေတဲ့ လုပ်ရပ်ကို လုပ်နေကြတာသာ ဖြစ်ပါတယ်။

ညမှာ သူငယ်ချင်း၊ ညီအစ်မ စသူတို့နဲ့ နီးနီးကပ်ကပ် အိပ်ခြင်းကရတဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးခံစားချက်က ချစ်သူနဲ့ အတူအိပ်လို့ရတဲ့ အကျိုးနဲ့ တူသော အကျိုးရှိပါတယ်။

Credit: Trend Myanmar



lutawlupyaw

No comments:

Post a Comment