Wednesday, April 1, 2015

" မီးရထားကြီး ထွက်ခွာသွားတဲ့အခါ "

" မီးရထားကြီး ထွက်ခွာသွားတဲ့အခါ "

မီးရထားကို မမီလိုက်တဲ့သူတစ်ဦး တစ်ယောက်အဖို့ အမောတစ်ပိုင်းနဲ့ ခြေကုန် လက်ပန်းကျပြီး မှတ်တိုင်လေးမှာ ကျန်နေခဲ့ပါတယ်။ လုံလ ဝီရိယ
ကြိုးစားအားထုတ်မူ နည်းတဲ့ အတွက်ကြောင့် သော်လည်းကောင်း၊ အခြားသော အကြောင်းတွေကြောင့် သော်လည်းကောင်း နောက်ကျတာ ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် သူအနေနဲ့ကတော့ အခြားသူတွေလို မဟုတ်ဘဲ အရာရာကို နောက်ကျန်ခဲ့ပါပြီ။ ဒါကြောင့် နောက်တစ်ကြိမ် လာလိမ့်အုံးမည့် ရထားကြီးကို မှီအောင်လာနိုင်ဖို့ လိုအပ်ပါတယ်။

ဘဝမှာလည်း ဒီလိုပါပဲ။ မိမိရောက်လိုတဲ့ ရည်မှန်းချက် ပန်းတိုင်တစ်ခုခုကို လုံလ ဝီရိယ ကြိုးစားအားထုတ်မူ နည်းရင်တော့ အချိန်မှီ မရောက်ဘဲ နောက်ကျလို့ ကျန်နေခဲ့မှာပါ။ တစ်ကြိမ်ကျန်နေခဲ့လည်း နောက်တစ်ကြိမ် မှီအောင် သွားမယ်ဆိုတဲ့ စိတ်ကလေး တစ်ခုသာရှိ ဘဝမှာ အရာရာကို အောင်မြင်ပါလိမ့်မယ်။ ဒါကြောင့် မီးရထားကြီး မထွက်ခင် အချိန်မှီရောင်အောင် လုံလ ဝီရိယ ထုတ်ပြီး သွားရသလို ဘဝရည်မှန်းချက် တွေကိုလည်း ရရှိအောင် လုပ်သင့်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။

Photo By - blackhawknrhs
ကျော်လင်းနိုင် (ရိုးရာလေး)



lutawlupyaw

No comments:

Post a Comment