Sunday, April 5, 2015
"ရည်းစားဟောင်းက ကိုယ့်လှုပ်ရှားမှုတွေကို လူမှုကွန်ယက်တွေကတဆင့် စောင့်ကြည့်နေတယ်ဆိုရင်"
"ရည်းစားဟောင်းက ကိုယ့်လှုပ်ရှားမှုတွေကို လူမှုကွန်ယက်တွေကတဆင့် စောင့်ကြည့်နေတယ်ဆိုရင်"
ဘာအကြောင်းကြောင့် လမ်းခွဲခဲ့လမ်းခွဲခဲ့၊ လမ်းခွဲခြင်းက ကြေကွဲဝမ်းနည်းဖို့ ကောင်းပါတယ်။ နှစ်ဦးနှစ်ဘက်လုံးက ဘာမှ မပတ်သတ်တော့ပေမယ့် တခါတလေ အွန်လိုင်းမှာ ရည်းစားဟောင်းက ကိုယ်ဘာတွေ လုပ်နေလဲ၊ သူ့ အတွက်များ ဘာတွေဆက်ပြီး ခံစားနေသေးလဲဆိုတာ စပ်စုချင်တာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒီတော့လဲ အဲ့ဒီရည်းစားဟောင်းနဲ့ လမ်းခွဲပြီး နောက်ပိုင်းမှာ စပ်စုချင်တဲ့သူ (ရည်းစားဟောင်းအပါအဝင်) တွေကို ကိုယ်တွေဘက်က ပြတ်ပြတ်သားသားနဲ့ ပျော်ပျော် ရွှင်ရွှင်နေနိုင်တယ် ဆိုတာကို ဒီအချက်တွေနဲ့ ပေါ်တင်ပြလိုက်ပါ။
ကိုယ်နဲ့ တိုက်ဆိုင်တဲ့ လမ်းခွဲခြင်းနဲ့ ပတ်သတ်တဲ့ စာတိုတွေကို ဖေ့စ်ဘွတ်ခ် သို့မဟုတ် တွီတာအစရှိတဲ့ ဆိုရှယ်နက်ဝေါ့ခ်တွေပေါ်မှာရေးပါ၊ တင်ပါ။
ကိုယ်က အခြေအနေဆိုးကြီးတွေကနေ အကောင်းဆုံး အခြေအနေကို ရောက်ရှိနေနိုင်သွားကြောင်းကို တစ်လောကလုံး (ရည်းစားဟောင်းအပါအဝင်ပေါ့) သိနိုင်မှာပါ။ ဥပမာ - တစ်ခါတစ်လေ စိတ်ရှုပ်သလို၊ စိတ်ညစ်နေသလို ခံစားနေရရင်လည်း ကိုယ့်ကိုယ်ကို အားပေးတဲ့သီချင်းမျိုး ဒါမှမဟုတ် ကိုယ့်အတွက်အားဖြစ်စေတဲ့ သီချင်းမျိုးကို ဆိုရှယ်နက်ဝေါ့ခ်မှာ ရှဲလ်လုပ်နိုင်ပါတယ်။ တစ်စုံတစ်ယောက်ကြောင့် ကိုယ့်ဘဝ သာယာလှပနေကြောင်းတွေလဲ ရေးပြီး တင်လို့ရပါတယ်။ ဒီလိုတင်လိုက်ခြင်းကြောင့်လည်း အားလုံးက ကိုယ့်မှာ ကိုယ့်ကိုအားပေးချစ်ခင်တဲ့သူတွေ ရှိနေတယ်ဆိုတာကို သိနိုင်မှာပါ။ ဥပမာ- “သူငယ်ချင်းတွေက အရမ်းချစ်ဖို့ ကောင်းတာပဲ၊ ကိုယ်ကကမ္ဘာပေါ်မှာ ကံအကောင်းဆုံး သူတစ်ယောက်ဖြစ်သွားသလို ခံစားလိုက်ရတယ်။” ဆိုတာမျိုးလေးတွေ ရေးနိုင်ပါတယ်။
အမိုက်စား၊ အလန်းစားနေရာတွေရောက်ရင် ဖေ့စ်ဘွတ်ခ်မှာ Check-in ဝင်ဖို့ ဝန်မလေးပါနဲ့။
ကိုယ့်ဘဝသာယာလှပနေတယ်ဆိုတဲ့ အကြောင်းကိုကြွားလုံးထုတ်ဖို့ ကြောက်ရွံ့ မနေပါနဲ့။
သူငယ်ချင်းတွေနဲ့ ပျော်ရွှင်နေတဲ့ ဓာတ်ပုံတွေကိုရှဲလ်ပါ။ (ဆန္ဒရှိတယ်ဆိုရင်ပေါ့!)
ဒီနည်းက ကိုယ့်ကို ချစ်နေရတာထက် ကိုယ့်ကိုချစ်တဲ့ တစ်ခြားသူတွေ အများကြီး ရှိနေတယ်ဆိုတာကို ဖော်ပြနိုင်တဲ့ အကောင်း ဆုံးနည်းလမ်းပါ။
ကိုယ့်ရဲ့အမိုက်စားပုံတွေကိုတင်ပါ။
ကိုယ့်ရဲ့နေ့စဉ်ဘ၀ဟာ ပိုမိုသာယာလာကြောင်း မသိမသာ ပြောဆိုပါ။
လုပ်နေကျအရာတွေကိုပဲ နေ့တိုင်းလုပ်ဆောင်နေရပေမယ့် ဘယ်နေရာတွေမှာ ပိုအချိန်ဖြုန်းဖြစ်သွားသလဲ၊ ဒါတွေက ဘယ်လိုအားသာချက်တွေရှိသလဲ။ သင့်ဘ၀ဘယ်လိုတိုးတက်မှုတွေ ရှိလာသလဲဆိုတာကို ပေါ်တင်ကြီး မဟုတ်တောင် မသိမသာလေး ပို့စ်တင်တာမျိုးလေးတွေ လုပ်ပေးပါ။
Cradit: Trend Myanmar
lutawlupyaw
No comments:
Post a Comment