Wednesday, April 1, 2015

'ဧပြီဖူးလ်တွင် ဒေါ်လာ ၅ သောင်းတန် ဘီအမ်ဒဗလျူကား ရသွားသူ"

'ဧပြီဖူးလ်တွင် ဒေါ်လာ ၅ သောင်းတန် ဘီအမ်ဒဗလျူကား ရသွားသူ"

နယူးဇီလန်နိုင်ငံမှာ ဒေါ်လာ ၅ သောင်းတန် ဘီအမ်ဒဗလျူ ကားတစီးကို ဧပြီဖူးလ်နေ့ အမှတ်တရ အဖြစ် လာရောက်မေးမြန်းသူကို ပေးအပ်လိုက်ပါတယ်။

လူတွေ တဦးနဲ့တဦး နောက်ပြောင်လေ့ ရှိတဲ့ ဧပြီ ၁ ရက် ဧပြီဖူးလ်နေ့မှာ နယူးဇီလန် သံတော်ဆင့်သတင်းစာရဲ့ မျက်နှာဖုံးမှာ ကားပြခန်းကို အစောဆုံးလာရောက်တဲ့ သူရဲ့ ကားကို ဘီအမ်ဒဗလျူ  ၁ စီးရီး ကားတစီးနဲ့ လဲပေးမယ်လို့ ကြေညာလိုက်ပါတယ်။

ဒီအတွက် အစေားဆုံး သွားရောက်တဲ့ တီနာမတ်ခ်ျ စီးနင်းလာတဲ့ ၁၅ နှစ်ကြာ နီဆန်းကားကို ဘီအမ်ဒဗလျူ  ၁ စီးရီး ကားနဲ့ လဲပေးလိုက်ပါတယ်။

ကားနံပါတ် ကိုလည်း အရှုး မလုပ်ပါနဲ့လို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်နဲ့ ဂဏာန်း ရောထားတဲ့ နံပါတ် အသစ် “NOF00L” လို့ ပေးထားပါတယ်။

ကားကို ၅ နှစ် အာမခံ ထားသလို ၃ နှစ် တိတိ ၀န်ဆောင်မှု ပေးထားပါတယ်။ ဒါအပြင် ဘီအမ်ဒဗလျူ ကားမောင်း အတွေ့အကြုံကိုလည်း အခမဲ့ ရရှိမှာ ဖြစ်ပါတယ်။

လဲလှယ်ပေးလိုက်တဲ့ တီနာရဲ့ ကားကို ဘီအမ်ဒဗလျူ ဌာနချုပ်ရှိရာ ၀ဲလင်တန်မှာ ပြသထားပါတယ်။

ဒီကြော်ငြာက မရေရာအောင် တမင် သက်သက် လုပ်ဆောင်ထားပြီး အရမ်း ကောင်းလွန်းတဲ့အတွက် မယုံနိုင်အောင် လုပ်ထားသလို အခွင့်အရေးကို လိုလိုလား ရယူချင်တဲ့ ပထမဆုံးလူကို ချီးမြှင့်ပေးလိုက်တာလို့ နယူးဇီလန် ဘီအမ်ဒဗလျူ အုပ်စု စီမံခန့်ခွဲရေး ညွန်ကြားရေးမှူး နီနာအန်လပ်က ပြောပါတယ်။

ဒီဗွီဘီ



lutawlupyaw

No comments:

Post a Comment