Wednesday, April 1, 2015

"ကမ္ဘာ့အသက်အကြီးဆုံး အဘွားအို ကွယ်လွန်"

"ကမ္ဘာ့အသက်အကြီးဆုံး အဘွားအို ကွယ်လွန်"


ကမ္ဘာ့အသက်အကြီးဆုံး ဂျပန်အဘွားအို မီဆာအို အိုကာဝါ (Misao Okawa) ဟာ ဧပြီ ၁ ရက် နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

အဘွားအို မီဆာအိုဟာ ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့တုန်းကပဲ အသက် ၁၁၇ နှစ် ပြည့်မွေးနေ့ကို ကျင်းပခဲ့ပါသေးတယ်။

ဂျပန်နိုင်ငံအနောက်ပိုင်းက အိုဆာကာမြို့က ကျန်းမာရေးဌာနမှာ ကွယ်လွန်သွားတာလို့ ဂျပန်မီဒီယာတွေမှာ ဖော်ပြပါတယ်။

အဘွားအို မီဆာအိုဟာ လွန်ခဲ့တဲ့ ၂ နှစ်က ကမ္ဘာ့ဂင်းနစ်မှတ်တမ်းစာအုပ်မှာ အသက် အကြီးဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်ခံရသူ ဖြစ်ပါတယ်။

အဘွားအို မီဆာအို မတိုင်ခင်က အသက်အကြီးဆုံးက ဂျပန်ကပဲ ဂျီရိုမွန် ကီမူရာ ဖြစ်ပြီး အသက် ၁၁၆ နှစ်အရွယ် ၂၀၁၃ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်၊

အခု အဘွားအို မီဆာအို ကွယ်လွန်သွားလို့ အမေရိကန်ပြည်ထောင်စုက ဂါထရုဝေ့ဗ်ဟာ အသက်အကြီးဆုံး ဖြစ်လာပါတယ်။ သူဟာ အမေရိကလွတ်လပ်ရေးနေ့ ဖြစ်တဲ့ ဇူလိုင် ၄ ရက်နေ့မှာ ၁၁၇ နှစ် ပြည့်မှာ ဖြစ်ပါတယ်။

ခရစ်နှစ် ၁၈၉၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ မီဆာအိုဟာ ကုန်သည်မျိုးရိုး ဖြစ်ပြီး တရုတ်တော်လှန်ရေး ခေါင်းဆောင်ကြီး ၀န်ကြီးချုပ် ချူအင်းလိုင်းနဲ့ မွေးနေ့တူ ဖြစ်ပါတယ်။

၁၉၁၉ ခုနှစ်မှာ အိမ်ထောင်ပြုပြီး သာသမီး ၃ ယောက်ရဲ့ မိခင်၊ မြေး ၄ ယာက်နဲ့ မြစ် ၆ ယောက်တို့ရဲ့ အဘွား ဖြစ်ပါတယ်။

သူ့ဘ၀တလျှောက်လုံးမှာ ကြီးကြီးမားမား ဖျားနာတာ မရှိခဲ့ဘူးလို့ ဂျပန်သတင်းစာတွေက ဆိုပါတယ်။

ဂျပန်ပြည်မှာ အသက် ၁၀၀ ကျော်တဲ့ အဘိုးအဘွား ၅၈၀၀၀ ကျော် ရှိတယ်လို့ အစိုးရက ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ စာရင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီဗွီဘီ



lutawlupyaw

No comments:

Post a Comment