Wednesday, April 1, 2015

" အမှိုက်ကားနိယာမ "

" အမှိုက်ကားနိယာမ "

တစ်နေ့လေဆိပ်သို့သွားရန် အငှားယာဉ်တစ်စီး ငှားစီးလာသည်။ ယာဉ်မောင်းသူကသူ၏ လမ်းကြောင်းမှန်အတိုင်း မောင်းလာစဉ် အနက်ရောင်ကားတစီးက ရုတ်တရက် ပါကင်မှ ထိုးထွက်လာသည်၊ ကံကောင်း၍ မတိုက်မိ၊ အငှားယာဉ်မောင်းလာသူက ဘရိတ်ကို အချိန်မီနင်းပြီး ဘေးသို့ဆွဲလိုက်၍သာ တော်ပေသေးသည်၊ ယင်းထွက်သွားသောကားမှ မောင်းသူက ခေါင်းကိုအပြင်ထုတ်ပြီး လှမ်း၍ ဆဲသွားသေးသည်မှာ မကြားဝံ့စရာ၊ ကျွန်တော်၏ အငှားယာဉ်မောင်းသူကတော့...
ဆဲသွားသောသူကို လက်ဝှေ့ယမ်းပြီး ကောင်းမွန်သောအပြုံးဖြင့် တုံ့ပြန်လိုက်သည်။
ကျွန်တော်က "သူကလည်းမှားသေးတယ်၊ သူဆဲတာလည်း ခံရသေးတယ်၊ ဒါတောင် ခင်ဗျားကအပြုံးမပျက် ပြန်နုတ်ဆက်နိုင်သေးတယ် အဲဒါဘယ်လိုဖြစ်လို့လဲ၊"
ထိုအခါ ယာဉ်မောင်းသူက ကျွန်တော့အား သူ၏ "အမှိုက်ကားနိယာမ" ကို ရှင်းပြရာ မှတ်သားဖွယ်များ ပါနေသည်ဟု ယူဆသဖြင့် သူ၏ စကားအတိုင်း ဖေါက်သည်ချလိုက်ရပါသည်။
ယာဉ်မောင်းက "တချို့လူတွေဟာ အမှိုက်ကားနဲ့တူတယ်၊ အမှိုက်ကားတွေဟာ မကောင်းတဲ့ သူများစွန့်ပစ်ထားတဲ့ဟာတွေကို တင်ထားသလို သူတို့ မှာလည်း ဘာမှသုံးမရတဲ့ ဒေါသတွေမောဟတွေ မာနတွေ စိတ်ညစ်စရာတွေကို ထမ်းပိုးပြီး သွားလာနေကြရရှာတာ၊ အဲဒီ အမှိုက်ကားက တနေရာရာမှာ အမှိုက်ပုံသလို သူတို့ကလည်း သူတို့ဟာတွေကို တနေရာရာမှာ ပုံဖို့ကြိုးစားနေတာ၊ အနေအထိုင်မတက်ရင် ကျွန်တော်တို့ခေါင်းပေါ်မှာ ပုံသွားနိုင်တယ်၊ ဒါကြောင့် သူတို့ကို ကောင်းကောင်းမွန်မွန် ဖြစ်အောင် လက်ပြနှုတ်ဆက် လိုက်တာဘဲ ကောင်းတယ်၊ ဒါမှမဟုတ်ရင် သူတို့အမှိုက်တွေ ကျွန်တော်တို့အပေါ် ရောက်၊ ကျွန်တော်တို့ အမှိုက်တွေ တခြားလူတွေခေါင်းပေါ်ရောက်နဲ့ မကောင်းတဲ့ အမှိုက်သံသရာကြီး လည်နေမှာစိုးလို့ပါ" ဟု ဆိုလိုက်သည်။
ကျွန်တော့အတွက် အသိပညာတိုးသော နေ့တစ်နေပါပေ။



lutawlupyaw

No comments:

Post a Comment