Thursday, April 2, 2015

"ငုတ်တုတ်ထိုင်ပြီး တီဗီကြည့်ခြင်းဟာ ဆီးချို ၊ သွေးချိုရောဂါ ဖြစ်ပွားစေဖို့ အခွင့်အလမ်း ပိုမိုများပြား"

"ငုတ်တုတ်ထိုင်ပြီး တီဗီကြည့်ခြင်းဟာ ဆီးချို ၊ သွေးချိုရောဂါ ဖြစ်ပွားစေဖို့ အခွင့်အလမ်း ပိုမိုများပြား"

တီဗီရှေ့မှာ ငုတ်တုတ်ထိုင်ပြီး တီဗီကြည့်နေတဲ့ နာရီတိုင်းဟာ ဆီးချို ၊ သွေးချို ရောဂါဖြစ်ပွားစေဖို့ အခွင့်အလမ်း ပိုမိုများပြားစေတယ်လို့ သုတေသီတွေက သတိပေးခဲ့ပါတယ်။
သုတေသီတွေ ယုံကြည်ထားတာက ထိုင်နေတာများခြင်းဟာ လူတွေရဲ့ ကိုယ်အလေးချိန်တွေကို တိုးပွားလာစေနိုင်တယ် ဆိုတာပါပဲ။ ဒါကြောင့် ဒီအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ပြီး တီဗီရှေ့မှာ အချိန်ဖြုန်းခြင်းဟာ ဆီးချို ၊ သွေးချို ရောဂါ ဖြစ်ပွားဖို့အတွက် ၃.၄ ရာခိုင်နှုန်း သေချာစေနိုင်တယ်လို့ သိရပါတယ်။

ထိုလေ့လာမှုမှာ သုတေသီတွေဟာ အသက် ၂၅ နှစ်အထက်မှာရှိတဲ့ အ၀လွန် အမျိုးသားနဲ့ အမျိုးသမီး အရေအတွက် ၃၂၃၄ ယောက် အနေနဲ့ ဖြစ်နိုင်ချေများတဲ့ ဆီးချိုသွေးချို ရောဂါကို ဘယ်လို ကာကွယ်မလဲဆိုတာ လေ့လာခဲ့ကြပါတယ်။

ထို လူဦးရေကို အဖွဲ့ ၃ ဖွဲ့ ခွဲထားပြီး လေ့လာခဲ့ကြပါတယ်။ ပထမတစ်ဖွဲ့က ဆေးဝါး အကူအညီ ရယူခွင့်ရှိပါတယ်။ ဒုတိယတစ်ဖွဲ့ကိုတော့ လှုပ်ရှားမှုကိုသာ လုပ်စေပါတယ်။ နောက်ဆုံးတစ်ဖွဲ့ကိုတော့ အထူးစီစဉ်ထားတဲ့ ဆီးချို ၊ သွေးချိုရောဂါ ဆေးတစ်မျိုးကို သောက်သုံးစေပါတယ်။

လေ့လာမှု မစခင်မှာ ၃ ဖွဲ့လုံးကိုတီဗီရှေ့မှာ တစ်ရက် ကို ၁၄၀ မိနစ်စီ ထိုင်ကြည့်စေပြီး မိနစ် ၄၀၀ စီ အလုပ်ထိုင် လုပ်ခိုင်းခဲ့ပါတယ်။ လှုပ်ရှားမှုတွေပဲ လုပ်ရတဲ့အဖွဲ့ကိုတော့ ၃၇ မိနစ်စီခန့် လျှော့ပြီး ထိုအလုပ်တွေကို လုပ်စေခဲ့ရာမှာ နောက်ဆုံးမှာတော့ တီဗီရှေ့မှာ ကြာကြာထိုင်တဲ့ အဖွဲ့တွေဟာ ဘယ်လောက်ပဲ ဆေးဝါးတွေကူပါစေ ဆီးချို သွေးချိုရောဂါ ဖြစ်ပွားနိုင်နှုန်းကတော့ ပိုများနေခဲ့ပါတယ်။

ထိုလေ့လာမှုကိုတော့ ဆီးချိုသွေးချို ရောဂါဆိုင်ရာ လေ့လာရေးအတွက် ဥရောပအဖွဲ့အစည်းရဲ့ ဂျာနယ်ဖြစ်တဲ့ Diabetologia မှာ ပုံနှိပ် ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။


Credit : Trend Myanmar



lutawlupyaw

No comments:

Post a Comment