Monday, April 6, 2015

" လွမ်းနာကျတဲ့အခါ "

" လွမ်းနာကျတဲ့အခါ "

တစ်စုံတစ်ယောက်ကို လွမ်းတဲ့အခါ ဒါဘာကြောင့်လဲလို့ အမြဲတမ်းသိချင် မိတတ်ကြတယ်။ များသောအားဖြင့်တော့ အဲဒီလူကိုချစ်လို့၊ ကြိုက်လို့၊ စွဲလမ်းလို့ စတဲ့ အကြောင်းတွေကြောင့်ပေါ့။ တစ်ခါတစ်လေတော့ ကိုယ်မုန်းနေမိတဲ့လူကို သတိရမိ တတ်တာမျိုးလဲရှိပါတယ်။ အတူရှိနေချိန်တုန်းက တစ်ချိန်လုံးရန်ဖြစ်နေရတဲ့ သူမျိုး ကိုယ့်အနားမှာမရှိတော့လို့ သတိရနေတာမျိုးလဲ ရှိပါတယ်။

ဒါပေမယ့် မင်းလွမ်းနေရတဲ့သူနဲ့ မင်းရဲ့ ချစ်ခြင်းကို ဆက်လက်ထိန်းသိမ်း ထားချင်တယ်ဆိုရင်တော့ သူ့အပေါ်ထားတဲ့ မင်းရဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိနေဖို့လိုအပ်ပါတယ်။

-မင်းအဲဒီလူနဲ့ချစ်နေတဲ့အခါမျိုးမှာ သူ့ကို အထူးတလည်သတိရနေတာမျိုး။
-တစ်ခါတစ်လေမှာ စွဲလမ်းမှုအတုအယောင်လဲ ဖြစ်နေနိုင်ပါတယ်။ (ဥပမာ-ရက်အနည်းငယ်အတွင်း ပြန်လည်မေ့ပျောက်သွားတာမျိုးပေါ့။)
-သူ့ရဲ့အရည်အချင်းကို လေးစားနေမိတာမျိုး။
-မင်းစိတ်ညစ်ချိန်တိုင်း မင်းအနားမှာ ရှိနေပေးတတ်တဲ့သူမျိုး။

စတဲ့ အကြောင်းပြချက် လေးတွေကြောင့် သတိတရ လွမ်းဆွတ် မိတတ်ပါတယ်။ အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ကို လွမ်းရတယ်ဆိုတာ နှစ်သက်မြတ်နိုးဖွယ်ကောင်းတဲ့ ခံစားချက်တစ်ခုလဲ ဖြစ်ပါတယ်။ သူ့အကြောင်းကို တစ်နေ့လုံး၊ တစ်ညလုံးတွေးနေမိတဲ့အခါ သူဟာ မင်းအနားကို တဖြည်းဖြည်း ရောက်လာသလိုမျိုး ခံစားမိနိုင်ပါတယ်။ လွမ်းတယ်ဆိုတာ ဆိုးဝါးလှတဲ့ခံစားချက်တစ်ခုလို့ တော်တော်များများက ခံယူထားကြတယ်။

ဒါကိုသဘောမတူပါဘူး။ လွမ်းတယ်ဆိုတာ မင်းတို့နှစ်ယောက်ရဲ့ ရွှေရောင်လွှမ်းတဲ့အတိတ်က ပျော်စရာအကြောင်းကိုသာ  ရွေးချယ်ပြီး သတိရနေမယ်ဆိုရင် ဒါဟာ ချိုမြိန်တဲ့အလွမ်းတစ်ခုဖြစ်မှာပါ။ ပျော်စရာ အခိုက်အတန့်လေးတွေကို မြတ်မြတ်နိုးနိုး မှတ်သားထားမယ်ဆိုရင် ပြန်တွေးမိတဲ့အခါ အပြုံးလေးတစ်ခုတော့ မင်းမျက်နှာမှာ ပေါ်လာနိုင်မှာပါ။

လူတွေလုပ်မိတတ်တဲ့ နောက်ထပ်အကြောင်းအရာ တစ်ခုကတော့ သူတို့ လွမ်းနေရတဲ့သူတွေရှေ့ ရောက်ရင် ခံစားချက်ကို ဖုံးကွယ်ထားတတ်ကြတာပါပဲ။ အတ္တမာနတွေကို
ခဏတာ ခ၀ါချပြီး ကိုယ်ခံစားရသမျှကို ဖွင့်ဟ၀န်ခံသင့်ပါတယ်။ ဘ၀ကတိုပါတယ်။ တကယ်လို့များ တစ်ယောက်ယောက်ကို ချစ်မိပြီ၊ ဒါမှမဟုတ် လွမ်းနေမိပြီဆိုရင်တော့ သူ့ကို အသိပေးရမှာပေါ့။ ဒီလိုဆို သူက ကိုယ်ခံစားနေရတာတွေကို နားလည်နိုင်ပြီး  ဒီအချစ်ခရီးလမ်းက ပျက်စီးဖို့ ခဲယဉ်းသွားပြီ ဖြစ်ပါတယ်။


Credit : Trend Myanmar



lutawlupyaw

No comments:

Post a Comment