"အလုပ်ကြောင့်ဝေးနေရတဲ့ ချစ်သူရည်းစား အိမ်ထောင်ရှင်များအတွက်"
တရားဝင်အိမ်ထောင်ကျပြီးဖြစ်ပေမယ့် ခွဲနေကြရတဲ့ မိသားစုတွေ အများကြီးရှိပါတယ်။ စစ်ဘက်မှာတာဝန်ထမ်းဆောင်သူတွေ၊ အကျဉ်းချခံနေရသူတွေမျိုး ရှိတတ်ပေမယ့် အဓိကအားဖြင့်တော့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းများကြောင့် ခွဲနေရတာများပါတယ်။ ဒီအခါမှာ ဝေးနေရတဲ့ အိမ်ထောင်ရှင်တွေဟာ အတူနေတဲ့ အိမ်ထောင်ရှင်တွေထက် လူမှုရေးဆိုင်ရာ ပြဿနာပိုများပါတယ်။ ဒီတော့ တစ်ဦးနဲ့တစ်ဦး အနေဝေးပေမယ့် သွေးမအေးစေဖို့ ပုံစံတစ်ချို့ ဖန်တီးပေးဖို့ လိုပါတယ်။
အဆက်အသွယ်မပြတ်စေဖို့ အရေးကြီးပါတယ်။ အဆက်အသွယ်ဟာ ပတ်သက်မှုတစ်ခုမှာ အဓိကအားဆေးပါ။ ဘာကြောင့်လဲဆိုတော့ တစ်ဦးနဲ့တစ်ဦး ရုပ်ပိုင်းဆိုင်ရာဆက်နွယ်မှု မရှိနေတဲ့အချိန်မှာ တစ်နေ့တစ်နေ့ ဘယ်အရာတွေ တွေ့ကြုံနေကြရတယ်ဆိုတာကို မျှဝေဖို့ စကားလုံးတွေကိုသာ အားထားရမှာပါ။ ဒါကြောင့် ဆက်သွယ်ရေးက အရေးကြီးပါတယ်။
တစ်ဦးနဲ့တစ်ဦး လုပ်လေ့လုပ်ထရှိတဲ့ တူညီတဲ့ အလေ့အထလေးတွေကို ခိုင်မြဲနေအောင် ထိန်းသိမ်းပါ။ ဥပမာ- တစ်ပတ်တစ်ခါ ညစာအတူတူထွက်စားတာမျိုး၊ နှစ်ဦးသား ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်တစ်ခု အတူတူသွားကြည့်တာမျိုးပေါ့။ အကယ်လို့ မိုင်ပေါင်းများစွာ ဝေးကွာနေကြတဲ့ သူတွေဆိုရင်တော့ နှစ်ဦးစလုံး ဆန္ဒရှိတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားကို အချိန်ကိုက် အတူတိုက်ကြည့်ပြီး ဇာတ်ကားအကြောင်း ပြန်လည်ဆွေးနွေးတာမျိုး၊ နိုင်ငံရေး ဆွေးနွေးတာမျိုး၊ အွန်လိုင်း ဂိမ်းကစားတာမျိုး လုပ်ပေးပါ။ ဝေးနေပေမယ့်လဲ ဒီသေးငယ်တဲ့ အလေ့အထလေးတွေကနေတဆင့် အပြန်အလှန် စိတ်ဝင်စားမှုရယူနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေတည်ဆောက်ပါ။
ပိတ်ရက်ရှည်ရတဲ့အခါ နှစ်ဦးသား ဆုံနိုင်မယ့် ခရီးတစ်ခုစီစဉ်ပါ။ ဥပမာ- နှစ်ဦးသားကြားမှာရှိတဲ့ အပန်းဖြေစခန်းလည်းရှိနိုင်မယ် မြို့တစ်မြို့မှာ ချိန်းပြီးဆုံတာမျိုးပေါ့။ ဒါဟာ တကယ်ရင်ခုန်ဖို့ ကောင်းပါတယ်။ ကိုယ့်မှာရှိတဲ့ အကောင်းဆုံးနဲ့ အလှဆုံး အ၀တ်အစားတချို့ထည့်ပြီး နေရာသစ်တစ်ခုမှာ လွတ်လွတ်လပ်လပ် ချိန်းတွေ့ကြပါ။ မင်းတို့ရဲ့ ဆက်နွယ်မှုကို ပိုပြီး ခိုင်မာစေမှာပါ။
ခေတ်မီနည်းပညာကို အသုံးချပါ။ အွန်လိုင်းမှာချိန်းပြီး Conferendo လိုမျိုး Version နဲ့ စကားပြောတာမျိုး။ နောက်ပြောင်တဲ့သဘောန့ ရေးထားတဲ့ အီးမေးလေးတွေလိုမျိုး လင်မယားချင်းပို့တဲ့ အတွင်းကျတဲ့ဓါတ်ပုံမျိုး စတာတွေ ပေးပို့ပြီး သတိရစိတ်ကို နှိုးဆွပေးတာမျိုးလုပ်ပါ။ အပြန်အလှန် သတိရကြောင်း မတ်ဆေ့လေးတွေ ပို့ပေးပါ။ နည်းပညာတိုးတက်လာတာဟာ အလွန်အသုံးဝင်ပေမယ့် ရှေးတုန်းက သုံးတဲ့နည်းလမ်းတစ်ခုဖြစ်တဲ့ စာတိုက်ကနေတဆင့် စာပို့တာကလဲ အခုအချိန်ထိ ဆန်းသစ်နေဆဲဆိုတာကို မမေ့ပါနဲ့။
ဒီနည်းလေးတွေအတိုင်း ကြိုးစားကြည့်မယ်ဆိုရင်တော့ အနေဝေးနေတဲ့ ချစ်သူရည်းစား၊ အိမ်ထောင်ရှင်များအနေနဲ့ မိမိတို့ရဲ့ ပတ်သက်မှုသံယောဇဉ်ကို ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်ပါတယ်။
Credit : Trend Myanmar
lutawlupyaw
No comments:
Post a Comment