"နေ့စဉ်အရက်သောက်ခြင်းကြောင့်ဖြစ်သော အသည်းကင်ဆာအန္တရာယ်ကို ကော်ဖီဖြင့် ချေဖျက်နိုင်"
အရက်သမားများ အသည်းကင်ဆာရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ် မြင့်မားသော်လည်း အရက်ပုံမှန်သောက်သုံးခြင်းကြောင့် ဖြစ်သော အသည်းထိခိုက်ပျက်စီးမှုကို ကော်ဖီပုံမှန်သောက်ခြင်းဖြင့် လျှော့ချပစ်နိုင်ကြောင်း သုတေသီများကပြောသည်။
လန်ဒန်မြို့အခြေစိုက် ကမ္ဘာ့ကင်ဆာသုတေသန ရန်ပုံငွေအဖွဲ့ (WCRF) နှင့်အတူ သုတေသီများ ထုတ်ဝေလိုက်သော လေ့လာမှုအသစ်တစ်ရပ်အရ တစ်နေ့လျှင် အရက်သုံးပက် (သို့မဟုတ်) ယင်းထက်ပို၍ သောက်သုံးသူများသည် အသည်းကင်ဆာဖြစ်နိုင်သည့် အန္တရာယ် သိသိသာသာ ပိုများကြောင်းသိရသည်။
WCRF ၏ အသည်းကင်ဆာရောဂါ ၂၀၁၅ အစီရင်ခံစာတွင် ပါဝင်သည့် ယင်းလေ့လာတွေ့ရှိချက်များမှာ အသည်းကင်ဆာ ရောဂါသည် ၂၄,၆၀၀ နှင့် အမျိုးသား၊ အမျိုးသမီး ရှစ်သန်းကျော်ထံမှ ကျန်းမာရေး သတင်းအချက်အလက်များကို သုတေသနပြုလုပ်သော သိပ္ပံပညာလေ့လာမှု ၃၄ ခုခန့်ကို လေ့လာမှုအပေါ် အခြေခံထားသည်။ ယင်းသုတေသန စာတမ်းများကိုပင် ထပ်မံလေ့လာရာ၌ နေ့စဉ် အရက်သုံးပက်အထိ သောက်သုံးမှုနှင့် အသည်းကင်ဆာဖြစ်ပွားခြင်းကြား ခိုင်မာသော ဆက်စပ်မှုရှိကြောင်းနှင့် ကော်ဖီသောက်သုံးမှုက အသည်းကင်ဆာဖြစ်ပွားနိုင်သည့် အန္တရာယ်များကို လျော့ကျစေနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။
ကော်ဖီ၏ ကင်ဆာတိုက်ဖျက်ရေး အကျိုးသက်ရောက်မှုများအတွက် လုပ်ဆောင်ချက်ကို ရှင်းရှင်းလင်းလင်းမသိရဘဲ လေ့လာမှုများ ထပ်မံပြုလုပ်ရန်လိုသည်ဟု သုတေသီများက ပြောသည်။
အသည်းကင်ဆာကြောင့် သေဆုံးမှုမှာ ကမ္ဘာပေါ်တွင် ဒုတိယမြောက် အများဆုံးဖြစ်ပြီး ၂၀၁၂ ခုနှစ်ကလည်း ကင်ဆာရောဂါကြောင့် ကမ္ဘာတစ်ဝန်း လူ ၇၄၆,၀၀၀ သေဆုံးခဲ့သည်။
Credit : 7Day Daily
lutawlupyaw
No comments:
Post a Comment