"စကားနိုင်သွားပေမဲ့ ချစ်ခြင်းမေတ္တာကိုတော့ ဆုံးရှုံးသွားရလိမ့်မယ်"
တစ်ခါတုန်းက ခဏခဏစကားများတတ်ကြတဲ့ လင်မယား ၂ ယောက် ရှိတယ်။ ဒါပေမဲ့ စကားများတဲ့အခေါက်တိုင်း ယောက်ျားဖြစ်သူက အလျှော့ပေးတတ်တယ်။ တစ်ခါမှတော့ ဒီအမျိုးသမီးက သူ့ယောက်ျားကို ထူးဆန်းလို့ မေးလာမိတယ်။
- ယောက်ျားရေ ရန်ဖြစ်တိုင်း ရှင်ဘာလို့ ကျွန်မကိုအလျှော့ပေးတာလဲ။ တစ်ခါတစ်လေကျ ကျွန်မ့ဘက်ကမှားတာလည်း ရှိတယ်လေ။
အဲဒါနဲ့ သူ့ယောက်ျားက ဒီလိုလေး ပြန်ဖြေတယ်။
- မင်းက ကိုယ့်မိန်းမလေကွ ဘာပဲပြောပြော ရှေ့ဘဝက ရေစက်ကြုံလို့ ဒီဘ၀မှာ လင်မယားလာဖြစ်ကြတာ ကိုယ်ပြောတာ နိုင်သွားတော့ရော ဘာထူးမှာလဲ စကားနိုင်ပေမဲ့ ချစ်ခြင်းမေတ္တာ ရှုံးသွားမှာလေ ဒီဟာတော့ ကိုယ်အရှုံးမခံနိုင်ဘူး
၂ ကိုယ်တူဘ၀ထဲမှာ တစ်ယောက်ကဆူလိုက် တစ်ယောက်က ရယ်လိုက် တစ်ယောက်က စိတ်တိုလိုက် တစ်ယောက်ချော့လိုက် တကယ်လို့ လူတစ်ယောက်က အမြဲတမ်း အရှုံးပေးနေရတယ်ဆို
သူ စကားပြောမကျွမ်းကျင်လို့မဟုတ်ဘူး
တဖက်သားကို အနာကျင်ဆုံးဖြစ်စေမဲ့စကားမျိုး ပြောမထွက်ရက်လို့ပေါ့ တစ်ယောက်ယောက်တော့ အရှုံးပေးမှ ၂ ယောက်လုံး ပျော်ရွှင်နိုင်မှာ စကားနိုင်သွားပေမဲ့ ချစ်ခြင်းမေတ္တာကိုတော့ ဆုံးရှုံးသွားရလိမ့်မယ်။
ဒီအရာကိုတော့ ငါတို့ အရှုံးမခံနိုင်ပါဘူး .........
Translated by william
lutawlupyaw
No comments:
Post a Comment