Friday, September 4, 2015
"မောင်သိထားရမယ့် ကျွန်မရဲ့ လျှို့ဝှက်ချက်တွေပေါ့"
"မောင်သိထားရမယ့် ကျွန်မရဲ့ လျှို့ဝှက်ချက်တွေပေါ့"
၁။ကျွန်မ စိတ်တွေဆိုးပြီး မောင့်ကို ထွက်သွားထွက်သွားဆိုပြီး ထုရိုက်တဲ့အခါ
တကယ်ထွက်မသွားပါနဲ့။ အမှန်တော့ ကျွန်မလက်တွေကို ဖမ်းဆုတ်ထားပြီး တင်းတင်းကျပ်ကျပ် ဖက်ထားစေချင်တာပါ။
၂။ကျွန်မ စိတ်ဆိုးစိတ်ကောက်နေတဲ့အခါ ကျွန်မကို စိတ်ပျက်မသွားပါနဲ့။ အမှန်တော့ မောင်ချော့တာလေးတွေကို စိတ်ထဲက ကြည်နူးနေချင်တာပါ။
၃။ကျွန်မ မောင့်စကားကိုနားမထောင်ပဲ လုပ်ချင်တာလုပ်မိတဲ့အခါ ကျွန်မကို မအော်လိုက်ပါနဲ့။
မောင် တခါတလေ လူကြီးလေးလိုဆူတာ ပြောတာလေးတွေ ကြားချင်နေတာပါ။
၎။ကျွန်မ နေမကောင်းချင်ယောင်ပြီး ဖုန်းဆက်တဲ့အခါ မောင် စိတ်ညစ်မသွားပါနဲ့။ မောင် ဂရုစိုက်တာလေးတွေကို တောင့်တနေမိတာပါ။
၎။ကျွန်မ မောင့်ကို ပြုံးပြုံးလေး စိုက်ပြီး ငေးကြည့်နေတဲ့အခါ မောင် မျက်နှာမလွှဲလိုက်ပါနဲ့ မောင့်ဆီက ရုတ်တရက်အနမ်းလေး မျှော်လင့်နေတာပါ။
၅။ကျွန်မတို့နှစ်ယောက် ဖုန်းပြောတဲ့အခါ ကျွန်မဘက်က အသံလေးတိတ်သွားလို့ စကားပြောရတာ စိတ်မပါဘူးလို့ မထင်ပါနဲ့။
မောင်ရဲ့ဖုန်းထဲကနေ "အာဘွား အာဘွား အရမ်းချစ်တယ်" ဆိုတာလေး ကြားချင်နေတာပါ။
(စပြီး မတောင်းဆိုရဲလို့ ငြိမ်ပြီးစဉ်းစားနေတာပါ)
#မောင့်အတွက်ရည်ရွယ်သော
From ခံစားချက်ကြောင့် ဆုံဆည်းရာ
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment