"နှလုံးသား အနာကျက်ပြီလား"
သင့်ရဲ့ နေ့စဉ်ဘ၀မှာ သူ့အကြောင်း တွေးမိတာတွေ နည်းသထက် နည်းလာပါပြီ။
တဖြည်းဖြည်းနဲ့ သူ့အကြောင်းဆိုတာ လုံးဝ မတွေးမိတော့သလောက်ကို ဖြစ်သွားပါလိမ့်မယ်။ ဒဏ်ရာဟောင်းတွေကို ပွတ်သက်ရင်း ရင့်ကျက်စွာ လက်ခံနိုင်လာပါပြီ။ လွှင့်ပစ်ချန်ရစ်ခဲ့တဲ့ အမှိုက်ထုပ်အကြောင်းကို အာရုံစိုက်နေမယ့်အစား ဘ၀ရဲ့ပန်းတိုင် အသစ်ကိုပဲ တွေးတောပါတော့မယ်။ ခေါင်းအုံးထက်မှာ မှေးစက်ရင်း စိတ်ကူးကမ္ဘာထဲ အတွေးဖြာတဲ့ ညခင်းတွေမှာလည်း သူ့အကြောင်း မတွေးမိတော့တာ သင်ကိုယ်တိုင် တအံ့တသြနဲ့ လက်ခံလာပါလိမ့်မယ်။ အသက်ရှင်နေထိုင်ရာ လောကကြီးမှာ ပျားပန်းခတ်သလို အလုပ်တွေလုပ်ရင်း နောက်ဆုံးမှာတော့ အချစ်ရဲ့သေးငယ်တဲ့ သံယောဇဉ် လက်ကျန်လေးတွေတောင် ပျောက်ဆုံးသွားခဲ့ပါပြီ။ ဒီလိုနဲ့ပဲ သူ့ရဲ့ လောင်းရိပ်အောက်ကနေ လွတ်မြောက်လာနိုင်ခဲ့ပြီဆိုတဲ့ လက္ခဏာရပ်တွေကို နားလည်သဘောပေါက်ပြီး လက်ခံနိုင်ပါတော့မယ်။
၁။ ပျော်မြူးနေတဲ့ ချစ်သူတွေကို မြင်ရင်လည်း ရင်ထဲမှာ နာကျင်ခံစားရခြင်း အလျဉ်းမရှိတောပါဘူး။
၂။ တစ်ယောက်တည်း အိမ်ပြန်ရတာဟာလည်း ပြသနာ မဟုတ်တော့ပါဘူး။
၃။ သူ့ဓာတ်ပုံကို ကြည့်မိရင်တောင် "ဘ၀သခင် ချစ်သည်းရှင်" လို့ မတွေးမိတော့ဘဲ ရင်းနှီးနေကျ မျက်နှာတစ်ခုကို မြင်လိုက်ရတာထက် မပိုတော့ပါဘူး။
၎။ သူနဲ့ ပတ်သတ်တဲ့ လူမှုကွန်ယက် ၀က်ဆိုဒ်တွေကိုလည်း သိလိုအားနဲ့ အသည်းအသန် လိုက်ရှာမနေတော့ပါဘူး။
၅။ သူကကိုယ့်ကိုစွန့်ပြီး အသစ်ရှာသွားရင်တောင် ခပ်ပြုံးပြုံးနဲ့ လက်ခံနိုင်ပါပြီ။
၆။ နှစ်ယောက်အတူ ပြန်ပေါင်းထုတ်ဖို့ဆိုတဲ့ ခပ်ကြောင်ကြောင် အတွေးအစား အနာဂတ်ရဲ့ သတို့သားလောင်း ဒါမှမဟုတ် သတို့သမီးလောင်းကို ပဟေဠိဆန်ဆန် စိတ်ကူးယဉ်ပြီး မင်္ဂလာပွဲနေ့အကြောင်းပဲ ပုံဖော်ပါတော့မယ်။
၇။ နာကျင်မှုတွေ ပြီးဆုံးသွားခဲ့ပါပြီ။ မက်မောတွယ်တာခြင်း မရှိတော့တဲ့ စိတ်ခံစားမှုက အကောင်းဆုံးလို့ ယူဆပြီး သင့်ဘ၀ရဲ့ နေ့ရက်တွေကို ပျော်ရွှင်စွာနဲ့ နေထိုင်တတ်လာပါပြီ။
၈။ အိပ်မရတဲ့ မျက်ရည်ညတွေ ကုန်ဆုံးလွန်မြောက် သွားပါပြီ။
၉။ မနက်ခင်း မိုးလင်းလို့လည်း သူ့အကြောင်း မတွေးမိတော့သလို ညဘက် အိပ်ရာဝင်ခါနီးရင်လည်း တမ်းတမ်းတတ သတိမရတော့ပါဘူး။
၁၀။ ပျားလေးတွေ မရှိတော့တဲ့ ပျားအုံထဲက ပျားရည်လေးလိုပါပဲ။ ချစ်သူဘ၀ အမှတ်တရတွေကို သတိရချင်တဲ့အခါ နာကျင်ခြင်းအလျဉ်းမရှိတော့ဘဲ ချိုမြမြ အရသာလေးကိုပဲ ရွေးချယ် ခံစားနိုင်လောက်အောင် သင့်ကိုယ်သင် ထိန်းချုပ်နိုင်ခဲ့ပါပြီ။
၁၁။ ဘယ်တော့မှ ရောက်လာမှာမဟုတ်တဲ့ မက်ဆေ့ခ်ျတွေကိုလည်း မျှော်လင့် စောင့်စားနေမှာ မဟုတ်တော့ပါဘူး။
၁၂။ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွေ ကြည့်ရင်း ပျော်ရွှင်ဖွယ် အဆုံးသတ်ကို မျှော်လင့်နေတာထက် လက်တွေ့ဆန်ဆန် ခရီးထွက်ဖို့ ပိုစိတ်ဝင်စားလာပါလိမ့်မယ်။
၁၃။ တစ်ခါတစ်ရံ သူကကိုယ့်ဘ၀ထဲက ပျောက်ကွယ်သွားလို့ အနည်းငယ် ၀မ်းနည်းကောင်း ၀မ်းနည်း မိပါလိမ့်မယ်။ ဒါပေမယ့် အဆင်ပြေပြေနေနိုင်တယ်ဆိုတဲ့ အချက်ကို ကိုယ်တိုင် လက်ခံနိုင်ပါပြီ။ သူမရှိတော့ဘူး ဆိုတဲ့ အတွေးက စိတ်ဓာတ်ကျပြီး ပြိုလဲစေနိုင်မှာ မဟုတ်ပါဘူး။
၁၄။ အချစ်သစ်ကိုတောင့်တစ ပြုလာပါပြီ။ နေ့စဉ်ဘ၀ကို ပုံမှန်ဖြတ်သန်းရင်းနဲ့ပဲ ချစ်သူဆိုတဲ့ ပုံရိပ်ယောင်လေးကို မြင်ယောင်နေမိပါပြီ။
၁၅။ အလျင်စလို မဟုတ်ပေမယ့် အချစ်သစ်ရှာဖို့ အဆင်သင့် ဖြစ်နေပါပြီ။
၁၆။ စိတ်ပိုင်းဆိုင်ရာအားဖြင့် သန်မာလာပါပြီ။ ပြင်းပြင်းထန်ထန် ပူဆွေး ၀မ်းနည်းရခြင်းဆိုတဲ့ အခက်အခဲကို ကျော်ဖြတ်ပြီးတဲ့နောက် စစ်ပွဲမှာ အနိုင်ရရှိပြီးတဲ့ စစ်သူုကြီး တစ်ဦးလို ကျေနပ် ဂုဏ်ယူမိလာပါလိမ့်မယ်။ အချိန်ကာလတစ်ခု ကုန်လွန်ပြီးတဲ့နောက်မှာတော့ ဆန္ဒရှိတယ်ဆို ဘယ်လောက်ခက်ခဲတဲ့အရာ ဖြစ်ပါစေ လုပ်နိုင်တယ်လို့ သိလာပါလိမ့်မယ်။
၁၇။ အချစ်ဆိုတာကို ရှာဖွေဖို့ထက် ကိုယ့်အလုပ်တွေ ၀ါသနာတွေ မိသားစုနဲ့ သူငယ်ချင်းတွေကို ပို အာရုံစိုက်ပြီး အချိန်ပေးဖြစ်ပါလိမ့်မယ်။
၁၈။ လူမှုပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ ၀င်ရောက်ပါဝင်ရတာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ တက်ကြွလှုပ်ရှား ပါဝင်ရတာဟာ စိတ်အနှောင့်အယှက် ဖြစ်စရာ မဟုတ်ဘူးလို့ လက်ခံနိုင်လာပြီး ကျေနပ် နှစ်သိမ့်တတ်လာပါပြီ။ ဘာလို့လဲဆိုတော့ ချောင်မှာ မှိုင်တွေပြီး အဆက်ဟောင်းအကြောင်း တွေးနေရတာထက် အပုံကြီးသာလို့လေ။
၁၉။ အဆွေးသီချင်းလား အချစ်သီချင်းလား ဘယ်လိုပဲဖြစ်ဖြစ် မျက်ရည်တစ်ချက်မ၀ဲဘဲ နားထောင်နိုင်ပါပြီ။
၂၀။ အရုဏ်ဦးရဲ့ လင်းရောင်ခြည်လေး ထွန်းလင်းလာသလိုပေါ့၊ ဆုံးရှုံရတာတွေကို မတွေးတော့ဘဲ မျှော်လင့်ချက် ရောင်ခြည်လေးတွေ လင်းဖြာလာပါပြီ။
၂၁။ အံသြ၀မ်းသာစရာ ရှိသည်ဖြစ်စေ မိုက်မဲ ရူးသွပ်စရာကောင်းတယ်လို့ ခံစားရသည်ဖြစ်စေ ရင်ဖွင့်ဖို့ ပထမဆုံး သတိရတဲ့လူက သူ မဟုတ်တော့ပါဘူး။
၂၂။ ခေါင်းအုံးတွေကိုလည်း သူ အမှတ်နဲ့ တယုတယ ပွေ့ဖက်နေမှာ မဟုတ်တော့ပါဘူး။
၂၃။ စိတ်ပျက်စရာကောင်းတဲ့ ချစ်သူဘ၀ထက်စာရင် လွတ်လပ်တဲ့ တစ်ကိုယ်တည်းဘ၀က ပိုပြီး ပျော်ရွှင်ချမ်းမြေ့စရာ ကောင်းတယ်ဆိုတာ လက်ခံနိုင်ပါပြီ။
၂၄။ သူ့အကြောင်း စကားစပ်မိတိုင်း ဒါမှမဟုတ် သူ့နာမည်ကြားတိုင်း သင့်မျက်ဝန်းက အရောင်တလက်လက် တောက်ပမနေတော့ပါဘူး။ အကယ်၍ အရင်က ဇာတ်လမ်းကို ပြန်ပြောမိရင်တောင် ဟိုးအဝေးက အသိအကျွမ်းအကြောင်း ပြောရသလိုပဲ ခံစားရတော့မှာပါ။
၂၅။ ရည်းစားဟောင်းကို တစ္ဆေတစ်ကောင်အလား ထင်မှတ်မှားပြီး အတိတ်ဆိုတာလည်း အမှန်တကယ် မရှိခဲ့တော့သလို တွေးထင်မိလာပါပြီ။
၂၆။ ချစ်သူတွေ ဆင်တူုဝတ်ဆင်ကြတဲ့ ၀တ်စုံဆိုတာကလည်း ခရစ်စမတ်လို ပွဲတော်နေ့တွေနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်တော့ပါဘူး။
၂၇။ အားလပ်ရက်တွေကို တစ်ယောက်တည်း အချိန်ဖြုန်းရတာကို သဘောတွေ့နေတတ်ပါပြီ။
၂၈။ ရုပ်ရှင်ရုံဆိုတာ ချစ်သူရည်းစားတွေအတွက် သီးသန့်နယ်မြေလို့ မတွေးတော့ဘဲ သူငယ်ချင်းတွေ မောင်နှမသားချင်းဆွေမျိုးတွေနဲ့ သွားလာသလို တစ်ယောက်တည်းလည်း သွားတတ်လာပါပြီ။
၂၉။ ချစ်ခြင်းဖွဲ့ ဇာတ်လမ်းတွေကိုလည်း မျှတတဲ့ ကစားပွဲတွေအဖြစ် ထပ်ပြီး လက်ခံနိုင်လာပါပြီ။
၃၀။ စိတ်ရောကိုယ်ပါ အလုပ်ထဲမှာပဲ နစ်မြှုပ်ရင်း အချိန်တွေ ကုန်ဆုံးစေမိတယ်။
၃၁။ ရမ္မက်ဆန်ဆန် အလှအပနဲ့ အတွေ့အထိဆိုတာတွေထက် စစ်မှန်တဲ့ လူကိုပဲ ရှာဖွေပါတော့မယ်။
၃၂။ တစ်စုံတစ်ခုဖြစ်ရင်တောင် သူ့ဆီ ဖုန်းဆက် အကူအညီတောင်းတယ်ဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး။ အိမ်က ဂိမ်းစက်ပျက်သွားရင်တောင် ဆိုင်ကိုပဲ ဖုန်းချိတ်မိလိမ့်မယ်။ သူ့ကိုတော့ မဖြစ်နိုင်တော့ဘူး။
၃၃။ အကယ်၍များ သူ့ဆီမှာ ကိုယ်နဲ့သက်ဆိုင်တဲ့ အဖိုးသိပ်မတန်တဲ့ ပစ္စည်းတွေ ရှိနေရင်တောင် မေ့ပစ်နိုင်ပါတယ်။ တသသ ဖြစ်နေမှာ မဟုတ်တော့ဘူး။
၃၄။ အမှတ်တရအဖြစ် တမြတ်တနိုး သိမ်းဆည်းထားတဲ့ ပစ္စည်းတွေဟာလည်း ၀တ္ထုပစ္စည်း သက်သက်ပဲ ဖြစ်သွားပါပြီ။ သုံးကြိမ်မြောက် နှစ်ပတ်လည် အမှတ်တရ လည်ဆွဲဟာလည်းပဲ ရတနာပစ္စည်းတစ်ခု ဆိုတာထက် မပိုတော့ပါဘူး။
၃၅။ သူနဲ့ အရောင်ဆင်တူ ၀ယ်ထားတဲ့ကားကလည်း မောင်းလို့ရတဲ့ ကားဆိုတာထက် ပိုပြီး ဘာမှ မထူးခြားတဲ့ သာမန်ကားတစ်စီးမျှသာ ဖြစ်ပါတော့တယ်။
၃၆။ အထီးကျန်မှုတွေကို အံတုရင်း နေတတ်လာပါပြီ။
၃၇။ အချိန်ကာလ အတိုင်းအတာ တစ်ခုထိ လက်ဆောင် ၀ယ်ပေးရဖို့ မလိုအပ်တဲ့အတွက်လည်း တကယ်ပဲ စိတ်ရှုပ်မှုဒဏ်ကနေပြီး သက်သာရာ ရစေပါတယ်။
၃၈။ အနာဂတ် ကြင်ဖော်အတွက် စိတ်ကူးပုံဖော် တတ်နေပါပြီ။
၃၉။ လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တကယ် ချစ်မြတ်နိုးပေမယ့်လည်း အဆင်ပြေချောမွေ့တဲ့ ချစ်သူဘ၀ကို တည်ဆောက်ဖို့ မလွယ်ကူမှန်း လက်ခံနိုင်ခဲ့ပါပြီ။ မီးနဲ့ ရေခဲတုံးလိုပေါ့။ တဒင်္ဂ ပေါင်းစည်းဖို့ဆိုတာကတော့ ဖြစ်နိုင်ပေမယ့် ရေရှည် တည်တံ့ဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ။ တချို့လူတွေလည်း အဲ့လိုပါပဲ အဝေးက ချစ်နေရုံပေါ့။
၄၀။ သူက ကိုယ့်အတွက် မဖြစ်ခဲ့ဘူးဆိုတာ သိသိလျက်နဲ့ အချစ်စစ်ဆိုတာကို နောက်ထပ်တစ်ကြိမ် ယုံကြည်မိပြန်ပါပြီ။
အိသူ
Credit: ChelmoTeam
No comments:
Post a Comment