"လွယ်အိတ်လွယ်ပုံ မှားယွင်းတဲ့အခါ မိမိခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်"
ဂျာမန် အရိုးအထူးကုဆရာဝန်တစ်ဦးက ဒီလိုဆိုပါတယ်။ ကျွန်ုပ်တို့ လွယ်အိတ်ကို ပခုံးမှာ လွယ်တဲ့အခါ မှားယွင်းစွာ လုပ်ဆောင်နေကြတယ်လို့ ဆိုတယ်။ အဲဒီလို လုပ်ခြင်းက ပြင်းထန်တဲ့ ကျန်းမာရေးပြသနာတွေ ဖြစ်စေနိုင်တဲ့အကြောင်း လွယ်အိတ်ကို ပခုံးထက်မှာပဲ ပုံမှန် လွယ်တတ်သူတိုင်း မှတ်သားသင့်ပါတယ်တဲ့။
ဒါ့ကြောင့် လွယ်အိတ်လွယ်ရင် အရင်ဆုံး မိမိခန္ဓာကိုယ်တစ်ခုလုံး အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းထက် မများစေဖို့ သတိပြုဖို့ လိုအပ်ပါတယ်။ ထိုသို့မဟုတ်ပါက လွယ်အိတ်လွယ်တဲ့ဘက်ခြမ်း ကြွက်သား နာကျင်ကိုက်ခဲမှု အန္တရာယ်ဖြစ်ပြီး အဲဒီကတဆင့် ကျောရိုးခုံးခြင်း စတဲ့ ပိုမိုပြင်းထန်တဲ့ ပြသနာတွေ ဖြစ်လာနိုင်ပါတယ်။
လွယ်အိတ်မှာ စာအုပ်တွေထည့်ပြီး ပခုံးမှာသယ်တဲ့အခါ အရိုးအဆစ်အတွက် ပြသနာတစ်ခု ဖြစ်တယ်လို့ အရိုးရောဂါဆိုင်ရာ အသင်းအဖွဲ့ German Institute ရဲ့ ဥက္ကဌဖြစ်သူ Reinhard Shinderhand က ပြောဆိုခဲ့တယ်။ အိတ်တစ်ခုခု သို့မဟုတ် ပိုက်ဆံအိတ်တစ်ခုခု လွယ်တိုင်း လွယ်ရတာ သဘောကျတဲ့ ဘက်ဆိုတာ လူတိုင်းမှာရှိကြောင်း သူ သတိထားမိခဲ့တယ်။
လွယ်အိတ်ကို တစ်ဖက်တည်း လွယ်ခြင်းက အဲ့ဘက်ခြမ်းကြွက်သားတင်းမာမှု ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့်မို့ အိတ်ရဲ့ အလေးချိန်ကို သတိထားပြီး ပခုံးပြောင်းပြောင်းပြီး လွယ်သင့်ကြောင်း သူက ထပ်မံပြောဆိုထားပါတယ်။
ပေါ်ထွန်း
Credit: Trend Myanmar
Thursday, October 22, 2015
"လွယ်အိတ်လွယ်ပုံ မှားယွင်းတဲ့အခါ မိမိခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်"
Labels:
ဗဟုသုတ,
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment