Saturday, October 24, 2015

၁။ ဘယ်အချိန်က စတင်တာပဲဖြစ်ဖြစ်


၁။ ဘယ်အချိန်က စတင်တာပဲဖြစ်ဖြစ် စပြီးရင်တော့ ရပ်မသွားဖို့ အရေးကြီးဆုံးပဲ။ ဘယ်အချိန်မှာ အဆုံးသတ်သွားတာပဲဖြစ်ဖြစ် ပြီးဆုံးသွားတဲ့အခါ နောင်တမရဖို့ အရေးကြီးဆုံးပဲ……။

၂။ အောင်မြင်မှုမှန်သမျှဟာ တဖြည်းဖြည်းချင်း ရရှိလာတာပါ။ အသေးအဖွဲကို အလေးမထားပဲ မနေပါနဲ့။ ဆုံးရှုံးမှုမှန်သမျှဟာလဲ မိမိရဲ့ လုပ်ရပ်တွေပေါ်မူတည်ပြီး တဖြည်းဖြည်း ရရှိလာတာပါ။ အရာရာတိုင်းကို လျစ်လျူရှု မထားသင့်ပါဘူး……။

၃။ လူ့ဘ၀မှာ မိတ်ဆွေဆိုတာ မရှိတော့ရင် နေ မရှိတော့တာနဲ့ အတူတူပါပဲ……။

၎။ ပျော်ရွှင်ခြင်းဆိုတာ ပိုင်ဆိုင်မှု အများကြီးရှိတာကို ဆိုလိုတာမဟုတ်ပါဘူး။ ရှိတာလေးနဲ့ ရောင့်ရဲတတ်တာကို ဆိုလိုတာပါ……။

၅။ အဆင်ပြေနေချိန်မှာ သူတစ်ပါးကို ကောင်းကောင်းဆက်ဆံပါ။ ဆုံးရှုံးချိန်မှာ သူတို့ကို လိုအပ်လာပါလိမ့်မယ်……။

၆။ အချစ်နဲ့ လောကကြီးကို တန်ဆာဆင်လို့ရသလို အမုန်းနဲ့ လောကကြီးကို ဖျက်ဆီးပစ်လို့ ရပါတယ်……။

၇။ နောင်တတရား အနည်းဆုံးနဲ့ အတိတ်ကို ရင်ဆိုင်ပါ။ ဆုံးရှုံးမှု အနည်းဆုံးနဲ့ လက်ရှိအချိန်ကို ရင်ဆိုင်ပါ။ အကြီးစားအိပ်မက်တွေ အများဆုံးနဲ့ အနာဂတ်ကို ရင်ဆိုင်ပါ……။

၈။ အပြုအမူ အတွေးအခေါ် ကြီးမြတ်မှုမှန်သမျှဟာ အသေးအမွှား အလေးထားခဲ့ရာက စခဲ့တာပါ……။

၉။ ပျော်ရွှင်ခြင်းမှာ ခွဲခြမ်းဝေမျှတယ်ဆိုတာ နားလည်ဖို့လိုပါတယ်။ ဒါမှလဲ အမြဲတမ်း ပိုပျော်ရွှင်ရပါလိမ့်မယ်။

၁၀။ သဘာဝတရားကို ထိန်းချုပ်လို့ မရပါဘူး။ မိမိကိုယ်တိုင်ရဲ့ စိတ်ကိုပဲ ပြောင်းလဲလို့ရပါတယ်……။

၁၁။ မျှော်လင့်ချက်တွေ ရှင်သန်တဲ့နေရာမှာ ပင်ပန်းဆင်းရဲခြင်းတွေဟာ ပျော်ရွှင်ခြင်းတွေ ဖြစ်လာပါတယ်……။

၁၂။ ပျံသန်းနိုင်တဲ့ အချိန်မှာ ပျံသန်းခြင်းကို မစွန့်လွှတ်ပါနဲ့။ အိပ်မက် မက်ခွင့်ရှိစဉ်မှာ အိပ်မက်ကို မစွန့်လွှတ်လိုက်ပါနဲ့။ ချစ်ခွင့်ရတဲ့အချိန်မှာ အချစ်ကို မစွန်လွှတ်ပါနဲ့……။

၁၃။ ဒေါသဖြစ်တယ်ဆိုတာ သူများ အမှားလုပ်တာကို ကိုယ့်ကိုယ်ကို အပြစ်ပေးတာပါ……။

၁၄။ မေးခွန်းတွေမေးတာ လူအထင်ကြီးခံရဖို့ မလိုပါဘူး။ ရိုးသားပြီး မှန်ကန်တဲ့ မေးခွန်းဖြစ်ရင် ရပါတယ်……။

၁၅။ မိမိရဲ့ဇာတ်လမ်းကို မိမိ နိုင်အောင်ကပါ။ လုပ်သင့်တာကို လုပ်ပါ……။

စာချစ်သူများအား ကျေးဇူးတင်ပါတယ်။

Credit: Zay Yar

No comments:

Post a Comment