Saturday, October 10, 2015

"မှတ်သားစရာများ…"


"မှတ်သားစရာများ…"

ဒေါသနဲ့ ဝေးဝေးနေပါ သင့်ရဲ့ဒေါသက သင့်ကိုပဲ နာကျင်စေပါလိမ့်မယ်...။

သင်မှန်နေတယ်ဆိုရင် ဘာလို့ စိတ်ဆိုးနေစရာလိုမလဲ။ တကယ်လို့ သင် မှားနေတယ်ဆိုရင်တော့ သင့်မှာ ဘာမှ စိတ်ဆိုးပိုင်ခွင့်မှ မရှိပါဘူး...။

မိသားစုဝင်တွေကို သည်းခံခြင်းဟာ ချစ်ခြင်းမေတ္တာကို ဖော်ညွန်းတယ်။ တခြားသူတွေကို သည်းခံခြင်းဟာ လေးစားမှုကို ဖော်ညွန်းတယ်။   ကိုယ့်ကိုယ်ကိုသည်းခံခြင်းဟာ ပိုင်နိုင်စိတ်ချမှု၊ မိမိကိုယ်ကို ယုံကြည်မှုတို့ကို ဖော်ညွန်းတယ်။  ကံကြမ္မာအပေါ် သည်းခံခြင်းဟာ  ယုံကြည်သက်ဝင်မှုကို ဖော်ညွန်းပါတယ်...။

အတိတ်အကြောင်းကို သိပ်မတွေးပါနဲ့ မျက်ရည်တွေပဲ ကျလာမယ်။ အနာဂတ်အကြောင်းကို သိပ်မတွေးပါနဲ့   စိုးရိမ်ကြောက်ရွံ့မှုတွေပဲ ရလာမယ်။ ပစ္စုပ္ပန်တည့်တည့်မှာ အပြုံးလေးနဲ့ နေထိုင်ပါ။ ကောင်းချီးသြဘာတွေ ဆိုက်ရောက်လာပါလိမ့်မယ်...။

ဘဝရဲ့ စမ်းသပ်ချက်တိုင်းက ကျွန်တော်တို့ကို ပိုကောင်းစေသလို ပိုပြီးတော့လည်း ခါးသီးသွားစေနိုင်ပါတယ်။ ကြုံတွေနေရတဲ့ ပြဿနာတိုင်းဟာ  ကျွန်တော်တို့ကို  တည်ဆောက်နိုင်စေသလို  ချိုးဖျက်နိုင်စေပါတယ်။ သားကောင်ဖြစ်မလား မုဆိုးဖြစ်မလားဆိုတာကတော့ သင့်ရွေးချယ်မှုအပေါ်မှာပဲ မူတည်နေပါတယ်..။

လှပတဲ့အရာတိုင်းဟာ  အမြဲတမ်း မကောင်းမွန်နိုင်ပါဘူး။ ဒါပေမဲ့ ကောင်းမွန်တဲ့ အရာတိုင်းကတော့ အမြဲတမ်း လှပနေပါတယ်..။

လက်ချောင်းလေးတွေကြားမှာ ဘာလို့ ဟ နေတာလဲသိလား။ အဲဒီ ဟ နေတဲ့ နေရာလေးတွေဟာ သင့်အတွက် အရေးပါဆုံးသူက သင့်လက်ကို ထာဝရဆွဲကိုင်ပြီး ဖြည့်ဆည်းပေးမယ့် နေရာလေးတွေဖြစ်ပါတယ်..။

ပျော်ရွှင်မှုဟာ သင့်ကိုချစ်စဖွယ်ဖြစ်စေတယ်။ ဒါကြောင့် အမြဲပျော်ရွှင်နေရအောင် တက်နိုင်သမျှ  ကြိုးစားသင့်တယ်...။

အရာအားလုံးမှာ သက်ဆိုင်ရာတွဲဖက်မှုတွေ ရှိကြတယ်။ တစ်နေရာရာမှာ တစ်စုံတစ်ယောက်က သင့်အတွက် ရှိနေလိမ့်မယ် ဒါကြောင့် နေရာမှန်ဖြစ်မယ့် အချိန်ကို စောင့်နေလိုက်ပါ...။    

အားလုံးကိုလေးစားလျှက်......

Credit: wai da nar

No comments:

Post a Comment