“ရုန်းကန်ခြင်းဂုဏ်”
သူငယ်ချင်း...
အိပ်ယာက ထပြီးကြည့်စမ်းပါ...
စာကလေးတစ်ကောင်
ကောက်ရိုးတစ်မျှင် ကိုက်ချီလို့
အသိုက်ဆောက်ရမယ်လေ...
ပုရွက်ဆိတ် ငယ်တစ်ကောင်
ထမင်းလုံး တစ်လုံးကို မနိုင့်တနိုင်ကိုက်ချီလို့
အစာစုဆောင်းရမယ်လေ...
ပျားငယ်လေးတစ်ကောင်
ပန်းပွင့်များဆီ ဦးတည်ပျံသန်းလို့
ပျားရည်ထုတ်လုပ်ရမယ်လေ...
သူငယ်ချင်း...
ဘ၀အဆန်ဆိုတာ
အလှအမှန်ပဲ မဟုတ်လား...
(ခင်မင်ရသောသူငယ်ချင်းများသို့)
Credit: khayaenyo
No comments:
Post a Comment