Thursday, October 15, 2015

"သင်အကြိုက်ဆုံး သီချင်းတွေဟာ သင့်ကို လူနေမှုဘ၀မှာ ပိုအဆင်ပြေအောင် ကူညီပေးနိုင်တာ"


"သင်အကြိုက်ဆုံး သီချင်းတွေဟာ သင့်ကို လူနေမှုဘ၀မှာ ပိုအဆင်ပြေအောင် ကူညီပေးနိုင်တာ"

ဂီတဆိုတာ ဆေးစွမ်းကောင်းတစ်ခုပါ။ သိပ္ပံပညာရှင်တွေတောင် ဒီအချက်ကို ယုံကြည်ကြပါတယ်။ သီချင်းကောင်းတွေဟာ သင့်ခံစားချက်ကို ပြောင်းလဲမှုများစွာ ဖြစ်စေတတ်သလို သင် ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိလာစေဖို့၊ ပျော်ရွှင်မှုကို ခံစားစေနိုင်ဖို့လည်း သူတို့က ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် သီချင်းတွေဟာ လူသားတွေအတွက် တကယ်ကို စွမ်းအားကြီးမားတဲ့ အရာတွေပါ။ ဘာကြောင့်များပါလဲ။

၁။ အချစ်ဆိုတဲ့ အရာကို ခံစားမိစေတယ်။

သင် တစ်ခါတစ်လေ အချစ်သီချင်းကောင်းလေးတွေ နားထောင်ပြီး သင့်စိတ်ထဲမှာရှိနေတဲ့သူကို ပုံဖော်ခံစားရတာ ဘယ်လောက်ကျေနပ်ဖို့ ကောင်းလိုက်ပါသလဲ။ ဒါ့အပြင် အလှတရားဖွဲ့ သီချင်းတွေကလည်း သင့်ပတ်ဝန်းကျင်က သင်မမြင်တွေ့နိုင်ခဲ့တဲ့ အရာတွေကို ဖော်ထုတ်ပေးလိုက်နိုင်ပြန်ပါတယ်။ တစ်ခါတစ်လေတော့ အသည်းကွဲနေတဲ့အခါ အဆွေးသီချင်းတွေက သင့်ဖီလင်ကို ပိုချပစ်လိုက်သလို ရှိနိုင်ပါတယ်။ ဒါက ခြွင်းချက်ပေါ့။ များသောအားဖြင့် သင့်အကြိုက်ဆုံး သီချင်းတွေဟာ သင့်ကို ပျော်ရွှင်မှု ယူဆောင်လာပေးနိုင်သလို သင့်အတွက် စိတ်ဓာတ်ခွန်အားလည်း ပေးစွမ်းပါတယ်။

၂။အလုပ်ကို ပိုကြိုးစားလုပ်နိုင်သွားအောင် တွန်းအားပေးတယ်။

သင် အလုပ်မှာ စိတ်ဓာတ်ကျတဲ့အခါ၊ ပင်ပန်းတဲ့အခါ သင်အကြိုက်ဆုံးသီချင်းတွေကို ဆက်တိုက်နားထောင်လိုက်ပါ။ မကြာခင်မှာ သင်ဟာ အလုပ်တွေ ပြန်လုပ်ဖို့ ခွန်အားတွေ ရရှိလာလိမ့်မယ်ဆိုတာ မယုံမရှိပါနဲ့။

၃။ သင် စိတ်ထဲကအရာတွေ ဖွင့်ထုတ် ငိုကြွေးနိုင်အောင်လည်း သူက ကူညီပေးပြန်ပါတယ်။

သင် ချစ်သူနဲ့ လမ်းခွဲလိုက်ရတဲ့အခါ၊ သင့်စိတ်ထဲ မွန်းကြပ်လာတဲ့အခါ ၀မ်းနည်းစရာကောင်းတဲ့ သီချင်းတွေက ဒီခံစားချက်တွေ ပွင့်ထွက်သွားအောင် ကူညီပေးပါတယ်။ ငိုချင်လာလိမ့်မယ်။ ဒါမှမဟုတ် မျက်ရည်တွေကျလာလိမ့်မယ်။ ငိုချလိုက်ပါ။ ပေါ့ပါးသွားပါလိမ့်မယ်။ စိတ်ထဲထည့်မထားသင့်တဲ့ အရာတွေကို သီချင်းတွေနဲ့အတူ ဖွင့်ထုတ်လိုက်တာ အကောင်းဆုံးပါပဲ။

၎။နာကျင်မှုတွေကို လျော့ပါးစေနိုင်ပါတယ်။

သင်ဟာ ခွဲစိတ်ကုသမှုတွေ ခံယူထားတဲ့သူ၊ ဒါမှမဟုတ် သင့်မှာ နာတာရှည်ရောဂါတစ်ခုခု ရှိနေတာမို့ နာကျင်ခံစားရတဲ့ အပိုင်းတွေ ရှိတယ်ဆိုရင် သီချင်းနားထောင်ပေးခြင်းက သင့်ရဲ့ခန္ဓာကိုယ်အတွင်း၊ အပြင်က နာကျင်မှုတွေကို လျော့ပါးစေနိုင်ပါတယ်။

၅။သင့်ဦးနှောက်ကို ကောင်းမွန်စွာ အလုပ်ပေးထားနိုင်ပါတယ်။

သင့်ရဲ့ဦးနှောက်မှာ အလုပ်ကောင်းကောင်းမလုပ်တဲ့ အပိုင်းတွေ ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးအတွက် အကောင်းဆုံးကတော့ လူတွေသိပ်နားမထောင်တဲ့ တစ်နည်းပြောရရင် mainstream မဟုတ်တဲ့ သီချင်းအမျိုးအစားတွေ နားထောင်ပေးမယ်ဆိုရင် သင့်ဦးနှောက်ရဲ့ အလုပ်မလုပ်တဲ့ တစ်ချို့အစိတ်အပိုင်းတွေ အလုပ်လုပ်ပါလိမ့်မယ်။ ဒါဟာ ရှင်းပြဖို့ ခက်ပေမယ့် သင်သာ အဲ့ဒီလို သီချင်းအမျိုးအစားသစ်တွေပေါ် အာရုံစိုက် နားထောင်မယ်ဆိုရင် သင့်ရဲ့အိုင်ဒီယာနဲ့ ဖန်တီးမှုစွမ်းအားတွေ ပိုတိုးတက်လာပါလိမ့်မယ်။

မေသော်

Credit: Trend Myanmar

No comments:

Post a Comment