Wednesday, October 28, 2015

"အမျိုးသားတွေဟာ သူတို့ပို့လိုက်တဲ့စာတိုကို တစ်ဖက်လူ ပြန်မပို့တဲ့အခါ ဒီလို တွေးတတ်တာ"


"အမျိုးသားတွေဟာ သူတို့ပို့လိုက်တဲ့စာတိုကို တစ်ဖက်လူ ပြန်မပို့တဲ့အခါ ဒီလို တွေးတတ်တာ"

သင့်ကို စိတ်ဝင်စားနေတဲ့ အမျိုးသားတစ်ယောက်က သင့်ကို စာတိုလေးတွေ ပို့နေတတ်တယ်ဆိုပါစို့။ နေ့တိုင်း ဖုန်းဆက်လောက်တဲ့အထိလည်း နှစ်ဦးသား ရင်းနှီးမှုမရသေး၊ စာတိုလေးတွေ ပို့ရင်းသာ တစ်ဆင့်ချင်းတက်သွားဖို့ စဉ်းစားထားတဲ့ အဲ့ဒီအမျိုးသားက သင်က သူ့စာတိုလေးတွေကို reply မလုပ်တဲ့အခါ သူတို့တွေးတတ်၊ ခံစားတတ်တာက……

၁။ တစ်ခုခုများဖြစ်နေသလား (သို့) သေသွားတာများလား။

တစ်ဖက်လူက ကိုယ့်ကို ဒီလိုမတွေးဘူးလို့ သင် ထင်ထားတယ်မဟုတ်လား။ အမှန်တော့ တကယ်ကို အဲ့ဒီလို တွေးကြတာပါ။ ငါ့ကို သူ ဘာ့ကြောင့် စာတိုပြန်မပို့တော့တာလဲ။ သေများသေသွားတာလား၊ ဒါမှမဟုတ် တစ်ခုခုဖြစ်နေသလားရယ်လို့ တွေးတတ်ကြပါတယ်။ ဒီအဆင့်မှာ စိတ်ပူပန်တာထက် သူ့ကို စာမပြန်လို့ ဒေါသနည်းနည်း ထွက်နေတတ်ကြပါတယ်။

၂။ ငါပို့တဲ့စာ မရောက်တာလား။

တစ်ချို့အမျိုးသားတွေကျတော့လည်း သူတို့ပို့တဲ့ စာတိုတွေ သင့်ဆီ မရောက်တာများလားလို့ ထင်တတ်ကြပါတယ်။ ပို့လိုက်ပြီဆိုတဲ့ အမှန်ခြစ်လေး မြင်တွေ့လိုက်ရရင်တောင် ကိုယ့်ကိုကိုယ် မယုံကြည်နိုင်ကြတာမျိုးပေါ့။

၃။ ငါ့စိတ်ကို စမ်းသပ်နေတာလား။

ငါပို့လိုက်တဲ့ စာတိုကို ရရဲ့သားနဲ့ ငါ့ကို ပြန်မပို့တာ ငါဘယ်လိုနေသလဲဆိုတာ သူသိချင်လို့ပဲ ဖြစ်လိမ့်မယ်လို့ တွေးတတ်တဲ့ အမျိုးသားတွေကတော့ တစ်ခုခုဆို မပြီးနိုင်မဆုံးနိုင် တွေးခေါ်တတ်တဲ့ အမျိုးသားတွေပေါ့။

၎။ ရတယ်လေ ဘာဖြစ်ဖြစ် ငါကတော့ ဆက်ပို့နေမှာပဲ။

ကိုယ့်ကို တစ်ဖက်လူက အဖတ်ပြန်မလုပ်လည်း ဂရုမစိုက်ဘူးဆိုတဲ့ အမျိုးသားတွေလည်း အများကြီးရှိပါတယ်။

၅။ ငါတစ်ခုခုများ အမှားလုပ်မိလို့လား။

ငါပို့လိုက်တဲ့ စာတိုထဲမှာ သူမကြိုက်တဲ့ အကြောင်းအရာတစ်ခုခု ပါသွားလို့ ငါ့ကို စိတ်ခုသွားတာများလား။

၆။ ငါ ဖုန်းခေါ်ကြည့်လိုက်ရင် ကောင်းမလား။

ငါ စာတိုပို့လိုက်ပြီးကတည်းက ဘာမှကို အကြောင်းမကြားရတော့ဘူး။ ငါ တစ်ဆင့်တက်ပြီး ဖုန်းခေါ်စေချင်တာများလား။ ဖုန်းခေါ်လိုက်ရင် ကောင်းမလား။

၇။ သူမှ ငါ့ကိုအဖတ်မလုပ်တော့တာ၊ ငါလည်း ဆက်မပို့တော့ပါဘူး။

ငါပို့တဲ့စာတိုကို မပြန်တာဟာ ငါ့ကို မကြိုးစားစေချင်တော့တာများလား၊ အဖတ်မလုပ်ဘူးဆိုတာ သိစေချင်တာလား။ ဒီလိုဆို ငါလည်း ဘာလို့များ ဆက်ပို့ရဦးမှာလဲ။

ဟန်နီ

Credit: Trend Myanmar

No comments:

Post a Comment