Friday, October 23, 2015

"How to success in life ?"


"How to success in life ?"

သိန်းငှက်တွေက ဘယ်သူမှ လက်ခုပ်တီး အားမပေးလည်း အမြင့်ကို ပျံသန်းကြတယ်…။

မြက်ကလေးတွေက ဘယ်သူမှ မသနားလည်း
ကြီးထွားရှင်သန်ကြတယ်…။

လမ်းဘေးပန်းတွေက ဘယ်သူမှ မနှစ်သက်လည်း လှလှပပ ဖူးပွင့်ကြတယ်…။

ကိုယ်ဘာလုပ်လုပ် တခြားသူ နားလည်စရာမလိုပါဘူး။ အစွမ်းကုန် ကိုယ်ကြိုးစားလုပ်ဆောင်ဖို့ပဲ လိုတယ်…။

ကိုယ့်ကိုယ် လူတိုင်းနှစ်သက်စရာမလိုပါဘူး။
အဓိပ္ပာယ်ရှိရှိ ရှင်သန်နေဖို့ပဲလိုတယ်…။

အကျိုးရှိတဲ့အလုပ်ကို ဇွဲရှိရှိလုပ်ဆောင်ရင် လှောင်ရယ်သံနဲ့ အထီးကျန်ခြင်းက အဝေးကို ပြေးထွက်သွားမှာပါပဲ။ ဒဏ်ရာအနာတရတွေ ရခဲ့ရင်တောင် ရုန်းကန်ထရပ်နိုင်ရတယ်။

တကယ်တော့ တစ်သက်တာဆိုတာ မရှည်ကြာပါဘူး။ ဒီဘဝထဲရောက်လာပြီးမှတော့
အဓိပ္ပာယ်ရှိရှိ ငါတို့ လှလှပပ ရှင်သန်ကြတာပေါ့…။

Credit: Gorkha Tz

No comments:

Post a Comment