"ဗိုက်သား အဆီပိန်ကျစေမယ့် အကောင်းဆုံးနည်း"
သင့်ခါးတိုင်းကို သေးငယ်သွယ်လျစေမယ့် နည်းလမ်းတစ်ခု ရှာဖွေနေပါသလား။ တကယ်လျင်မြန်ပြီး ဗိုက်အသား အဆီလျော့ကျစေမယ့် သဘာဝအတိုင်း ဖော်စပ်ထားတဲ့ ဖျော်ရည်တစ်မျိုးကို ဖော်ပြပေးချင်ပါတယ်။
ယင်းလျို့ဝှက်ချက်ကို သိပ်သိချင်နေပါသလား။ ဒါကတော့…… ငှက်ပျောသီးပဲဖြစ်ပါတယ်။
ငှက်ပျောသီးတွေမှာ ကြွက်သားတွေ သာမန်စေခြင်းနဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များ ဖယ်ထုတ်ရာမှာ အကူအညီဖြစ်စေတဲ့ သတ္တုဓာတ်တစ်မျိုး ပိုတက်စီယမ် ကြွယ်ဝပါတယ်။ နှမ်းကြတ်စေ့ (flaxseed) နဲ့ ဟင်းနုနွယ် (spinach) တို့ ပေါင်းစပ်မိတဲ့ခါ ငှက်ပျောသီးက အစာခြေဖျက်အား ပိုမိုကောင်းမွန်စေပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန် လျော့ချမှုလုပ်ငန်းကို လှုံ့ဆော် ဖြစ်ပေါ်စေပါတယ်။
ဒီအံ့မခန်းဆေးနည်းလေး စမ်းသုံးကြည့်ပြီး ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အလှအပကို ရယူပိုင်ဆိုင်လိုက်ပါ။ ပုံမှန်လေးတော့ သောက်ပေးရပါမယ်။ သို့မဟုတ်ပါက မိမိမျှော်လင့်ထားတဲ့ ရလဒ်အတိုင်း ဖြစ်လာမှာ မဟုတ်ပါဘူး။ တစ်ပတ်အတွင်းပြောင်းလဲမှုတွေ မြင်တွေ့ပါလိမ့်မယ်။
ပါဝင်သည့်ပစ္စည်းများ
ငှက်ပျောသီး (၁) လုံး
လိမ္မော်သီး (၁) လုံး
မလိုင်နည်းသို့မဟုတ် မလိုင်ကင်းဒိန်ချဉ် (1/2) ခွက်
အုန်းဆီထမင်းစားဇွန်း (၁) ဇွန်း
ဂျင်းအမှုန့် ထမင်းစားဇွန်းနဲ့ ၄ ပုံ ၁ ပုံ
Flax seed ထမင်းစားဇွန်း (၂) ဇွန်း
ဒိန်မှုန့် ထမင်းစားဇွန်း (၂) ဇွန်း
ပြင်ဆင်ဖော်စပ်နည်း
ဒီဆေးနည်းမှာ အထွေထူး ပြင်ဆင်မှု မလိုအပ်ပါဘူး။ ပါဝင်ပစ္စည်း အားလုံးရောကြိတ်ပြီး ရလာတဲ့ဖျော်ရည်ကို သုံးဆောင်ရုံလေးသာ ဖြစ်ပါတယ်။
Ref: Healthyfoodhouse
Credit: Trend Myanmar
Thursday, October 15, 2015
"ဗိုက်သား အဆီပိန်ကျစေမယ့် အကောင်းဆုံးနည်း"
Labels:
ကျန်းမာရေး,
ဗဟုသုတ,
အလှအပ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment