"လိမ်ပြောဦး"
၂၁ ရာစု အစမှာပဲ စက်ရုပ်တွေဟာ လူတစ်ယောက်လိမ်တယ်၊ မလိမ်ဘူးဆိုတာကို မျက်နာကြည့်ပြီး သိနိုင်အောင် တီထွင်နိုင်ခဲ့ပါပြီ။ ထူးခြားချက်အနေနဲ့ အဲဒီစက်ရုပ်ဟာ လိမ်တဲ့သူကို ချက်ချင်း ပါးထရိုက်တာပါပဲ။ မယုံဘူးလား။ အောက်ကအဖြစ်အပျက်ကို ဖတ်ကြည့်ပါ………
ကိုဇော်ဂျီနဲ့ မယ်တင့်တို့ရဲ့သားလေး မောင်မောရစ်တစ်ယောက်အိမ်ကို နောက်ကျပြီးမှ ပြန်ရောက်လာသည်။
ကိုဇော်ဂျီ။ ။ သား မင်းဘာလို့ အိပ်ပြန်နောက်ကျတာလဲ။
မောင်မောရစ်။ ။ဒီနေ့ ကျောင်းကအချိန်ပိုရှိလို့ နောက်ကျတာအဖေရဲ့။
ဖြန်း…………………………………..
အံ့သြစရာကောင်းလောက်အောင်ပဲ ဘေးမှာရှိနေတဲ့ စက်ရုပ်က မောင်မောရစ်ပါးကို ရိုက်ထည့်လိုက်သည်။
ကိုဇော်ဂျီ။ ။ ဒီစက်ရုပ်က လိမ်ပြောတာကို အာရုံခံစားနိုင်တဲ့ စက်ရုပ်ကွ။ မှန်မှန်ပြောစမ်း။ လိမ်ပြောရင် မင်းကို ပါးထပ်ရိုက်လိမ့်မယ်။
မောင်မောရစ်။ ။ ဟုတ်ကဲ့. .. ကျနော် ရုပ်ရှင်သွားကြည့်နေတာပါ။
ကိုဇော်ဂျီ။ ။ရုပ်ရှင်က ဘာကားလဲ။
မောင်မောရစ်။ ။ “The Ten Commandments” ဇာတ်ကားပါ။
ဖြန်း…………………
စက်ရုပ်က ရိုက်ထည့်လိုက်ပြန်သည်။ မောင်မောရစ်တစ်ယောက် မလိမ်ရဲတော့ပေ။
မောင်မောရစ်။ ။ ဟုတ်…ဟုတ်.. Sex Queen ဇာတ်ကားပါ။
ကိုဇော်ဂျီ အတော်ပေါက်ကွဲသွားသည်။
ကိုဇော်ဂျီ။ ။ မင်း မရှက်ဘူးလားကွ ဒါမျိုးဇာတ်ကား ကြည့်တာ။ မင်းအသက်အရွယ်လောက်တုန်းက ငါ ဒါမျိုး ရှက်စရာဇာတ်ကား ဘယ်တုန်းကမှ မကြည့်ခဲ့ဘူး။
ဖြန်း……………………………
တော်တော်လေးကို အသံကျယ်ပါဧ။်။ ကိုဇော်ဂျီကို စက်ရုပ်က ပါးချလိုက်ခြင်းပင် ဖြစ်ချေသည်။
ဆူညံဆူညံအသံများကြောင့် မိခင်ဖြစ်သူ မယ်တင့် မီးဖိုချောင်မှ ထွက်လာပြီး ပြောလိုက်သည်။
မယ်တင့်။ ။ ရှင်လည်းလိမ်တာပါပဲလား။ အင်းလေ.. ရှင်နဲ့တူမှာပေါ့ အဲဒါရှင့်သားပဲလေ။
ဖြန်း……………………………………………………………
ဒီတစ်ခါ စက်ရုပ်၏ မယ်တင့်ကို ပါးရိုက်ချက်ကား အသံအကျယ်ဆုံး ဖြစ်တော့သည်။
Credit: moe kaung
Monday, October 12, 2015
"လိမ်ပြောဦး"
Labels:
ဟာသ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment