Wednesday, October 21, 2015

"သဝန်တိုတတ်တဲ့ချစ်သူ သင့်မှာရှိရင်"


"သဝန်တိုတတ်တဲ့ချစ်သူ သင့်မှာရှိရင်"

သဝန်တိုဖို့ဆိုတာ
လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ ကိုယ့်ချစ်သူ ဘာတွေလုပ်နေလဲဆိုတာကို အမြဲမပြတ် စောင့်ကြည့်နေရတာလေ…

အဲဒီအတွက်
အချိန်ပေးရတယ်၊ စိတ်ပင်ပန်းရတယ်၊ တစ်ချိန်လုံးလိုလို ချစ်သူအကြောင်း တွေးနေရတယ်။ တစ်ခါတစ်လေ ဒေါသထွက်တဲ့အခါလည်း ရှိတယ်…

ကဲ စဉ်းစားကြည့် !
သူ မင်းကို သဝန်တိုတယ်ဆိုတာ တော်ရုံ အပင်ပန်းခံနိုင်ရုံလောက်နဲ့ မရဘူး။ မင်းကို သူ ချစ်လွန်းလို့၊ မင်းကို သူတစ်ယောက်ပဲ ပိုင်ချင်လွန်းလို့သာ အဲဒီလောက်ထိ အပင်ပန်းခံနေတာပါ…

ဒါကြောင့်
သူသဝန်တိုတာကို အပြစ်မမြင်ဘဲ သူ့ကို ပိုပြီး ယုယပေးလိုက်မယ်ဆိုရင် မင်းနဲ့သူဟာ အရမ်းချစ်ကြတဲ့ ချစ်သူတွေဖြစ်သွားကြမှာပါ ..!

Lwin Myat

Credit: Achit Abob

No comments:

Post a Comment