Monday, October 12, 2015

"အိပ်ရေးမ၀တဲ့ ပြသနာကို ဘယ်လိုဖြေရှင်းကြမလဲ"


"အိပ်ရေးမ၀တဲ့ ပြသနာကို ဘယ်လိုဖြေရှင်းကြမလဲ"

ညဘက်တွေမှာ အိပ်ရေးဝအောင် အိပ်တယ်လို့ ထင်ပေမယ့် နေ့အချိန်မှာ အိပ်ချင်တဲ့ဒုက္ခနဲ့ တွေ့ကြုံနေရပြီဆိုရင် ဒါ ဘာ့ကြောင့်များလဲလို့ သင် အဖြေရှာသင့် ပါတယ်။ သင် အိပ်ချင်မူးတူးဖြစ်နေရတဲ့ အကြောင်းပြချက်က ဘာတွေဖြစ်မလဲ။  အိပ်ရေးမ၀လို့လား ဒါမှမဟုတ် မောပန်းနွမ်းလျနေလို့လား။ အနားယူချိန် မလုံလောက်ခြင်း၊ အိပ်လိုက်နိုးလိုက်ဖြစ်ခြင်း၊ နာတာရှည် ဝေဒနာခံစားနေရခြင်း စတဲ့ အကြောင်းပြချက်တွေလည်း အများကြီးရှိနိုင်ပါတယ်။ တစ်ယောက်ကတော့ သူ့ရဲ့ အိပ်ငိုက်ရတဲ့ အကြောင်းအရင်းကို အခုလိုဝေမျှသွားပါတယ်။

"ကျွန်တော် ဘာကြောင့် အိပ်မပျော်ရလဲဆိုတာ လအတန်ကြာတဲ့အထိ အဖြေရှာလို့ မရနိုင်ခဲ့ဘူး။ ကျွန်တော်က အိပ်ချိန်လဲ အများကြီးယူပါတယ်။ ဆရာဝန် ကတော့ ဖြစ်နိုင်ခြေ အမျိုးမျိုး ပြောပြပေးပေမယ့် အဲဒါတွေကြောင့်လို့လဲ မသေချာပါဘူး။ ဒါပေမယ့် (၅) နှစ်ကြာပြီး နောက်မှာတော့ အဖြေဟာ ဘာလဲဆိုတာ ကျွန်တော် ရှာတွေ့ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အာရုံကြော အထူးကုဆရာဝန်နဲ့ ရောဂါလက္ခဏာကို သေချာ လေ့လာတဲ့အခါ ကျွန်တော့်ရဲ့ အိပ်ဆေးမှီဝဲနေတဲ့ ပမာဏကို တဖြည်းဖြည်း လျော့ချနိုင်အောင် ကြိုးစားပါတယ်။ ညသန်းခေါင်မကျော်ခင် အိပ်ရာဝင်နိုင်အောင် ကြိုးစားပါတယ်။ မနက်ကို (၁၀) နာရီလောက်မှ ထပါတယ်။ မနက်တိုင်း အိပ်ရာထချိန် မှန်အောင်ကြိုးစားပါတယ်။ ဒါက အရေးကြီးပါတယ်။ အဲဒီလိုလုပ်လိုက်တဲ့အတွက် အခုဆို အိပ်ငိုက်ခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာ မရှိတော့ပါဘူး။

ဒီတော့ အိပ်ရေးဝခြင်း မ၀ခြင်းဟာ အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန် နေ့တိုင်း ပုံမှန် ဖြစ်မဖြစ်ပေါ် မူတည်ပါတယ်။ အဖြေကို သိရပြီဆိုရင်တော့ လိုက်နာနိုင်မယ်ဆိုရင် နောက်တစ်နေ့မှာ ထိုင်းမှိုင်းလေးလံ ငိုက်မြည်းနေခြင်းတွေ လျော့ချနိုင်မှာ အမှန်ပါပဲ ။

ဟန်နီ

Credit: Trend Myanmar

No comments:

Post a Comment