Sunday, October 11, 2015

"အခါးကြိုက်သူတွေ စိတ်ထားမကောင်းဟု လေ့လာမှုတစ်ခုဆို"


"အခါးကြိုက်သူတွေ စိတ်ထားမကောင်းဟု လေ့လာမှုတစ်ခုဆို"

အခါးအရသာရှိသာ အစားအစာများနှင့် အရည်များကို နှစ်သက်သူများသည် အခြားလူ ဒုက္ခရောက်လျှင် ပျော်ရွှင်တတ်သူများ ဖြစ်နိုင်ခြေ ပိုများကြောင်း စိတ်ပညာရှင်များက လေ့လာတွေ့ရှိခဲ့ပြီ ဖြစ်သည်။

အခါးကြိုက်သူများတွင် ကိုယ်ကျိုးအတွက် အခြားသူများကို အသုံးချခြင်း၊ အခြားသူများကို နာကျင်အောင် လုပ်နိုင်ခြေ ပိုများခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် ချစ်စိတ် ပိုများခြင်း အစရှိသည့် စိတ်ပိုင်းဆိုင်ရာ အခြေအနေများ ရှိနေကြောင်း စိတ်ပညာရှင်များက ပြောဆိုခဲ့သည်။

သြစတြီးယားနိုင်ငံ အင်းဘရက် တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် လူ (၁၀၀၀) တို့အား စမ်းသပ်မှုနှစ်ခု ပြုလုပ်ပြီး လေ့လာခဲ့သည်။ အခါးပိုကြိုက်လေ ကိုယ်ရည်ကိုယ်သွေးတွင် အမှောင်ခြမ်း ပိုများလေဖြစ်ကြောင်း ရလဒ်များက သက်သေခံနေသည်ဟု ပညာရှင်များက ပြောသည်။

အခါးဓာတ်ပါသော အစားအစာများတွင် အချိုမပါသော ကိုကာ၊ ဘလက်ကော်ဖီတို့ ပါဝင်သည်။ ပထမ စမ်းသပ်မှုတွင် အမျိုးသမီးနှင့် အမျိုးသား (၅၀၀) တို့အား ချို၊ ချဉ်၊ ခါးနှင့် ငန်သော အရသာများ ပါဝင်သည့် အစားအစာများ စာရင်းကို ပြသပြီး အလွန်အမင်း မနှစ်သက်မှ အလွန်အမင်း နှစ်သက်အထိ ပါဝင်သော အဆင့် ခြောက်ခုဖြင့် အဆင့်သတ်မှတ် စေသည်။

လေ့လာမှုတွင် ပါဝင်သူများအား ကိုယ်ရည်ကိုယ်သွေး ဆိုင်ရာ မေးခွန်းလွှာများကိုလည်း ဖြေဆိုစေခဲ့သည်။ ဒုတိယ စမ်းသပ်မှုတွင် အခြားသူများအပေါ် အသုံးချမှု၊ အခြားလူနာကျင်ရပါက ပျော်ရွှင်ရမှု ရှိမရှိတို့နှင့် ပတ်သက်ပြီး ဖြေဆိုမှုများ ပြုလုပ်စေခဲ့သည်။

ကိုယ်ရည်ကိုယ်သွေး စစ်ဆေးမှုတွင် အခြားသူများအပေါ် အနိုင်ကျင့်ရသည်ကို နှစ်သက်ကြောင်း ပြောဆိုခဲ့သူများသည် အခါးကြိုက်ကြ သူများဖြစ်ကြောင်း ရလဒ်များအရ သိရှိခဲ့ရသည်ဟု လေ့လာမှုတွင် ပါဝင်ခဲ့သည့် ခရစ္စတီနာ ဆာဂီယိုဂလိုက ပြောဆိုခဲ့သည်။  

Source:DM

Credit: messenger

No comments:

Post a Comment