"လဲကျ ပြန်ထ"
သတ္တိဆိုတာ လဲကျပြီး ချက်ချင်း ပြန်ထရပ်တာပဲ ဖြစ်တယ်။ လမ်းလျှောက်သင်စ ကလေးငယ်တွေဟာ မကြာခဏဆိုသလို လဲကျကြတယ်။ လမ်းလျှောက်သင်စမှာ မလဲကျဖူးတဲ့ကလေးဆိုတာ မရှိခဲ့ပါဘူး။ ကလေးတွေဟာ လဲကျတာနဲ့ ချက်ချင်း ပြန်ကုန်းထတတ်ကြတယ်။ ဒီလို လဲကျပြန်ထတဲ့ အပြုအမူက နောက်ပိုင်းမှာ ကျင့်သားရသွားတယ်။ ကလေးတွေဟာ လဲကျသွားတဲ့အခါ လဲကျရင် ဘာဆက်လုပ်ရမလဲလို့ စဉ်းစားတွေဝေမနေတော့ဘဲ ချက်ချင်း ပြန်ထရပ်ပြီး ရှေ့ကို ဆက်လျှောက်လှမ်းကြတယ်။
ဒါဟာ လမ်းစပျောက်နေတဲ့သူတွေ၊ ထိခိုက်အနာတရ ရသူတွေ၊ ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိသူတွေ လိုချင်တောင့်တတဲ့ သတ္တိပဲ မဟုတ်ပါလား။
ကလေးဘဝကတည်းက ကျင့်သားရနေခဲ့တဲ့ လဲကျပြန်ထတဲ့ အပြုအမူတစ်ခုကို အခုချိန်မှာ မေ့နေခဲ့ပြီလား၊ အခက်အခဲနဲ့ ကြုံချိန်မှာ သတ္တိရှိရှိ ဆုံးဖြတ်ချက်ချ ပြန်ထရပ်ပြီး ရှေ့ကို ရဲရဲလျှောက်လှမ်းလိုက်ပါ။ လှပတဲ့အရာ၊ ပျော်ရွှင်တဲ့နေ့ရက်တွေ ရှေ့မှာ သင့်ကို ဆီးကြိုနေပါလိမ့်မယ်။
Credit: Gorkha Tz
Wednesday, October 21, 2015
"လဲကျ ပြန်ထ"
Labels:
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment