Friday, October 16, 2015

"အမျိုးသမီးတွေ သူတို့ချစ်သူအမျိုးသားတွေကို မထင်မှတ်ပဲ အဝေးကို တွန်းပို့သလိုဖြစ်စေတဲ့ အရာ (၄) မျိုး"


"အမျိုးသမီးတွေ သူတို့ချစ်သူအမျိုးသားတွေကို မထင်မှတ်ပဲ အဝေးကို တွန်းပို့သလိုဖြစ်စေတဲ့ အရာ (၄) မျိုး"

သင့်ချစ်သူကောင်လေးကို သင် အရမ်းချစ်ပါတယ်။ ဒါပေမယ့် တစ်ချို့သော သင့်အပြောအဆို အပြုအမူတွေကြောင့် တစ်ဖက်လူက စိတ်ပျက်သွားရတဲ့ အခြေအနေမျိုးတွေ သင် ကြုံဖူးပါသလား။ တစ်ခါတစ်လေ ကိုယ်မထင်မှတ်ပဲ ပြောလိုက်မေးလိုက်တဲ့ အရာတွေက သင့်ချစ်သူကို သင့်ရဲ့အဝေးကို တွန်းပို့လိုက်သလို ဖြစ်စေတတ်တာမျိုး ရှိပါတယ်။ ဒီတော့ အဲ့ဒီအရာ (၄) မျိုးကို ပြောပြရရင်ဖြင့်

၁။ မေးခွန်းတွေ တရစပ်မေးမြန်းတတ်ခြင်း

နှစ်ဦးသားတွေ့ဆုံတဲ့အခါ သင်ဟာ သင့်ချစ်သူကို သံသယမေးခွန်းတွေနဲ့ အမြဲ မေးခွန်းထုတ်တတ်တယ်။ အထူးသဖြင့် ကျွန်မ ၀နေပြီလားဆိုတာမျိုး၊ ဘာကြောင့်ခုလို ပြောဆိုရတာလဲဆိုတာမျိုး၊ ကျွန်မကို မချစ်တော့ဘူးမလား စတာတွေကို သင့်ချစ်သူကို အမြဲ မေးမြန်းနေတယ်ဆိုရင်တော့ ကြာရင် ဒီလိုမေးခွန်းမျိုးတွေ တစ်ဖက်လူက ဖြေချင်စိတ် ရှိတော့မှာမဟုတ်ပါဘူး။  ဒီလိုမေးခွန်းမျိုးတွေဟာ တစ်ဖက်လူကို အကြပ်အတည်း ဖြစ်စေတာကြောင့် သူတို့ကို စိတ်ပျက်စိတ်ကွက်စေတဲ့ မေးခွန်းမျိုးတွေပါပဲ။

၂။ သူပေးတဲ့အချစ်က ဘယ်တော့မှ မလုံလောက်ကြောင်း အတွန့်တက်ခြင်း

နှစ်ယောက်သား အတူလမ်းလျှောက်တဲ့အခါ လက်ကိုတင်းနေအောင် တွဲထားမှ၊ ကိုယ့်ပခုံးကို သူဖက်ထားမှ၊ လူကြားသူကြားထဲ သိပ်ချစ်တဲ့ပုံစံ လုပ်ပြနေမှ၊ ရုပ်ရှင်ရုံထဲ နေကြာစေ့ အခွံခွာကျွေမှ ဆိုပြီး သူ့ကို စည်းကမ်းတွေတော့ မထုတ်ထားပါနဲ့။ ဒီလိုမျိုး ဘယ်သူကမှ လုပ်ချင်မှာ မဟုတ်ပါဘူး။ သူတို့စိတ်ထဲ ရှိတဲ့အတိုင်းသာ လုပ်ဆောင်ချင်ကြမှာပါ။ ဒါ့အပြင် အမျိုးသားတွေ မနှစ်သက်တဲ့ စည်းကမ်းတွေ အလွန်အမင်း တင်းကြပ်ထားပြီး သင် မကျေနပ်တာ တစ်ခုခုလုပ်လိုက်တိုင်း သင့်ကိုမချစ်လို့ ဒါမျိုးလုပ်တာမို့ မကျေနပ်ကြောင်း ပြောတာမျိုးတွေဟာ ရေရှည် လက်တွဲသွားချင်တဲ့ သူတွေအတွက်တော့ စိတ်ပျက်စရာပါပဲ။ နာရီဝက်တစ်ခါ ဘာလုပ်နေကြောင်း message မပို့လို့၊ တစ်နာရီတစ်ခါ ဖုန်းမခေါ်လို့၊ facebook မှာ တခြား ကောင်မလေးတစ်ယောက်ပို့စ်ကို Like လုပ်မိလို့ ရစ်မယ်ဆိုရင်လည်း သူ့နေရာမှာ ငါသာဆိုရင် ဆိုတာမျိုးတွေးပြီး ပြောဆိုသင့်ပါတယ်။

၃။မနာလိုသ၀န်တိုတာ လွန်ကျူးခြင်း

သင့်ချစ်သူကောင်လေးကို အခြားတစ်ယောက်နဲ့ သ၀န်တိုတယ်ဆိုတာ ဘာ့ကြောင့်လဲဆိုတဲ့ မေးခွန်းရှိပါတယ်။ သူက အနေအထိုင် မတတ်လို့လား၊ အခြားကောင်မလေးတွေနဲ့ အရောဝင်လို့လား။ သင့်ရှေ့မှာ အခြားတစ်ယောက်နဲ့ ကြူနေတာမျိုး ရှိလို့လား။ ဒီမေးခွန်းတွေကို ဖြေကြည့်ပါ။ အဲ့ဒီအထဲကလိုဆိုရင်တော့ သင့်ချစ်သူနဲ့ သေချာဆွေးနွေး ပြောဆိုသင့်ပါတယ်။ မဟုတ်ပဲ သူ့အရင်ရည်းစားဟောင်းနဲ့ မဆိုင်တော့တာကို သ၀န်တိုနေတာ၊ နောက်တစ်ယောက် ရသွားမှာစိုးလို့ သူ့ကို မျက်စိဒေါက်ထောက် လိုက်ကြည့် သ၀န်တိုနေတာမျိုးတွေကတော့ သင့်ချစ်သူအတွက် အနေကြပ်စေ၊ စိတ်အိုက်စေတဲ့ အရာမျိုးတွေပေါ့။

၎။ သူမရှိရင် မနေနိုင်ကြောင်း၊ အသက်မရှင်ချင်တော့ကြောင်း အမြဲ ခြိမ်းခြောက်ပြောဆိုတတ်ခြင်း

သူနဲ့ ပြသနာတစ်ခုခုတက်လို့ နှစ်ယောက်သား မခေါ်မပြောနေကြတဲ့အခါ သင်ဟာ သူ့ကို ဒီလိုလုပ်ရင် ငါ့ကိုယ်ငါ သတ်သေလိုက်မယ် ဆိုတာမျိုး အမြဲခြိမ်းခြောက်လေ့ရှိပါသလား။ ဒါမှမဟုတ် အတူရှိနေချိန်တွေမှာလည်း ငါ့ထက်ချစ်ရမယ့်သူ တွေ့သွားရင် အဲ့ဒီလူကို ငါလိုက်သတ်မယ် ဆိုတာမျိုးတွေ မကြာခဏ ပြောဖူးပါသလား။ သူနဲ့စိတ်ကောက်တိုင်း ကိုယ့်ကိုကိုယ် အသားနာအောင် လုပ်လေ့ရှိပါသလား။ ဒီအရာတွေဟာ သင့်ကို သူ ပိုချစ်လာစေမှာ မဟုတ်ပါဘူး။ သင့်ကို ဆိုက်ကိုလို့ ထင်ချင်ထင် မထင်ရင်လည်း ဒီလိုလူမျိုးနဲ့ ငါ ရေရှည်ဖြစ်ပါ့မလားလို့ တွေးထင်မိသွားစေမယ့် အကြောင်းမျိုးမို့ ရှောင်ကြည်ရမှာပါ။

ဟန်နီ

Credit: Trend Myanmar

No comments:

Post a Comment