"အဖေကိုချစ်တဲ့ သားသမီးများအတွက်ပါ"
အဖေ
သားသမီးတွေရဲ့ ကောင်းဆိုးနှစ်တန်ကို ပြေးမကြည့်ဘဲ တွေးကြည့်ရုံနှင့် သိသူသည် အဖေဖြစ်သည်။ ကိုယ့်ဘ၀ အဘယ်မျှ နိပ့်ကျနေပါစေ ကိုယ့်သားသမီးကို အထွဏ်အထိပ်မှာ နေနိုင်ဖို့ ကြိုးစားနေသူသည် အဖေဖြစ်သည်။
အဖေဖြစ်ကြည့်လိုက်ပါ သားသမီးတွေရဲ့အကြောင်းကို မပြောဘဲ သိနိုင်တဲ့ စွမ်းအားရှင် ဖြစ်လာလိမ့်မည်။ အဖေသည် သားသမီးတို့ရဲ့ ရှေ့ရေးကို အမြဲ တွေးဆနေတတ်ကြသည်။ တခါတရံ သားသမီးများ လိမ္မာရေးခြားရှိစေရန် ရိုက်နှက်ဆုံးမရသကဲ့သို့ တခါတရံ နားဝင်အောင် ပြောဆိုဆုံးမကြရပြန်သည်။
ဒါတွေအားလုံး... သူ့အတွက်မဟုတ်။ သားသမီးတို့ ကောင်းစားရေအတွက်သာ ဖြစ်သည်။ လောကတွင် မိသားစုအတွက် သတ္တိအရှိဆုံးလူသည် အဖေမှတစ်ပါး အခြားမရှိပါ။ အမေကို ဘယ်လိုပဲချွဲနေပါစေ အဖေရှေ့ရောက်လျှင် ကျိုးနွံသွားကြသည်မှာ အဖေဟူသော ဂုဏ်ကြောင့် ဖြစ်ပါသည်။ အဖေသည် ကျွန်တော်ရဲ့ စိတ်အား ငယ်နေတဲ့အချိန်ဆိုရင် ဖေးမနှစ်သိပ် စွမ်းအား မြင့်တင့်ပေးနိုင်သူဖြစ်သည်။ ကျေးဇူးရှင် ဖခင်ဟာ မိဘအတွက် လက်ဖက်တစ်ပွဲ ဇနီးအတွက် တဘက်တစ်ထည် မပံ့ပိုးနိုင်သော်လည်း သားသမီးကို ဆီဦးတော့ပတ် ကျွေးချင်သူသည် အဖေဖြစ်သည်။ မိသားစု အသက်ရှင်ရေးအတွက် အရာရာ စွန့်လွှတ်ရဲသူသည် အဖေဖြစ်သည်။ အဖေရဲ့စိတ်က ပြတ်သားမာကျောပေမယ့် အဖေရဲ့နှစ်လုံးသားက သားသမီးများအတွက် အမြဲတမ်း နူးညံနေပါတယ်။
ဒါကြောင့် ကျွန်တော်တို့ သားသမီးများဟာ မည်သို့ အကြောင်းကြောင့်ပင်ဖြစ်စေ မစောင့်ရှောက်ချင် နေကြပါစေ မပြစ်မှားကြပါနဲ့။ ယောက်ျားတို့မျက်ရည် ကျခဲသော်လည်း သားသမီးအတွက် ကျသွားသော အဖေ့မျက်ရည်သည် မချိလွန်သည့် သောကမျက်ရည်ပူများသာ ဖြစ်ပေလိမ့်မည်။ အဖေ့အတွက် သားသမီးကောင်းတစ်ယောက် ဖြစ်ခဲဖူးပါလား။ ဒါကြောင့် ကျွန်တော်လည်း အဖေ့အတွက် သားသမီးကောင်းတစ်ယောက် ဖြစ်ရန် ကြိုးစားပါမည်ဟု ပြောကြားရင်း ဖေဖေကိုအရမ်းချစ်တဲ့ သားသမီးများ ဖြစ်ကြပါစေ။
အားလုံးကိုကျေးဇူးတင်ပါတယ်..
Credit: kokyawzinhein
Thursday, October 22, 2015
"အဖေကိုချစ်တဲ့ သားသမီးများအတွက်ပါ"
Labels:
မိဘမေတ္တာ
Location:
Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment