Thursday, October 15, 2015

"ဆေးလိပ်ဖြတ်ဖို့အတွက် ပထမဆုံး (၇) ရက်သာ တောင့်ခံနိုင်ဖို့လို"


"ဆေးလိပ်ဖြတ်ဖို့အတွက် ပထမဆုံး (၇) ရက်သာ တောင့်ခံနိုင်ဖို့လို"

ဆေးလိပ်ဖြတ်ဖို့ ကြိုးစားသူတွေဟာ သူတို့ရဲ့ ဦးနှောက်အပြောင်းအလဲကို ကျော်လွှားနိုင်မှသာ အဆင်ပြေပါလိမ့်မယ်။ သိပ္ပံပညာရှင်တွေဟာ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားပြီး မအောင်မြင်ပဲ ပြန်သောက်ချင်နေသူတွေကို သူတို့ရဲ့ ဦးနှောက်ကို ကြည့်ပြီး သတ်မှတ်နိုင်ခဲ့ပါတယ်။

ဆေးလိပ်ဖြတ်ဖို့ ကြိုးစားပြီး မအောင်မြင်ခဲ့သူတွေဟာ တစ်ပတ်အတွင်း သူတို့ရဲ့ ဦးနှောက်အတွင်းမှာ ပြောင်းလဲမှု အနည်းငယ်ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ထိုပြောင်းလဲမှုတွေက ဆေးလိပ်မပြတ်နိုင်အောင် ပြုလုပ်လိုက်တယ်လို့လည်း သိရပါတယ်။

ဆေးလိပ်ဖြတ်ဖို့ အောင်မြင်ခဲ့သူတွေရဲ့ ဦးနှောက်မှာ မတွေ့ရတဲ့ ထိုပြောင်းလဲမှုတွေဟာ ဦးနှောက်ရဲ့ အလုပ်လုပ်တဲ့ မှတ်ဥာဏ်စနစ် အတွင်းမှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါကြောင့် သုတေသီတွေဟာ ဆေးလိပ်သောက်သုံး သူတွေ ဆေးလိပ်ဖြတ်လို့ ရနိုင်မယ့် နည်းလမ်းကို လေ့လာကြည့်တဲ့အခါမှာ ၈၀ ရာခိုင်နှုန်း မှန်ကန်ခဲ့တာကတော့ ပထမဆုံး ၇ ရက်ပဲ ဖြစ်ပါတယ်။

ပထမဆုံး ဆေးလိပ်စဖြတ်တဲ့ ၇ ရက်မှာ ဆေးလိပ်မသောက်ပဲ နေနိုင်ပြီးပါက အနည်းဆုံး ၆ လ လောက်တော့ ဆေးလိပ်မသောက်ပဲ ကောင်းကောင်း နေနိုင်သွားပါလိမ့်မယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေသူတွေကို ပထမဆုံး ၇ ရက်မှာ ကူညီပေးတာ အထိရောက်ဆုံး ဖြစ်မှာပါ။

ဟန်နီ

Credit: Trend Myanmar

No comments:

Post a Comment