"ဆိုးတေလေးတွေ ဘာလို့စွန်တာလဲ"
ဆိုးဆိုးလေးတွေ ဘာကြောင့် စွန်တာလဲဆိုတာကို လေ့လာကြည့်ရအောင်နော်။
စွန်တဲ့ယောက်ျားလေးတွေနဲ့ ကြိုက်နေတဲ့ မိန်းကလေးဆိုတာ မိန်းမချောလေးတွေသာမက ဆိုးဆိုးလေးတွေလည်း ရှိပါလိမ့်မယ်။ အချစ်ရေးမှာ စိတ်ညစ်နေရတဲ့သူတွေအတွက် ဆေးတစ်ခွက် ဖြစ်စေအောင် တင်ပြလိုက်ပါတယ်။
ဆိုးတေလေးတွေက ယောက်ျားလေးတွေ အတွက် နေရာချန်ထားတတ်တယ်…
အရမ်းကို ချောတဲ့ မိန်းကလေးတွေဟာ သူတို့အနားကို ယောက်ျားလေးတွေ အကပ်မခံ ဖြစ်နေတတ်တယ်။ နောက်တခုကတော့ ကပ်နိုင်အောင် ကြိုးစားဖို့ဆိုရင်လည်း စဉ်းစားနေရပြန်တော့ အချိန်သာကုန်ပြီး အလုပ်မဖြစ်ပါ။ သူ့စိတ်ထဲမှာရှိနေတဲ့ ယောက်ျားလေး တစ်ယောက်ကိုတောင် မပြောမဆိုရဲ ဖြစ်တာကြောင့် နောက်တဆင့်ကို မရောက်နိုင်တော့ပါ။ ဆိုးတေလေးတွေကတော့ သူတို့အနားကို ကပ်နိုင်အောင် နေရာလပ်လေး ချန်ထားလေ့ရှိပါတယ်။
ဆိုးတေလေးတွေက ကြောင်လေးတစ်ယောက်လို ချွဲတတ်တယ်…
သူတို့လေးတွေက ကြောင်လေးတစ်ကောင်လိုပဲ အချွဲလည်း တော်တယ်။ အမြဲတမ်းချွဲနေရင်လည်း စိတ်ရှုပ်စရာ ကောင်းပါတယ်။ ဒါကြောင့် ဒီနေ့နည်းနည်းချွဲလိုက်ရင် နောက်နေ့ကျရင်တော့ အေးအေးဆေးဆေးနဲ့ဆိုရင် ကောင်လေးတွေ အတွက်ကတော့ ရုပ်ရှင်ကြည့်နေရသလိုပေါ့။ အပြင်မှာတော့ သိက္ခာရှိရှိနေတတ်ပင်မယ့်၊ နှစ်ယောက်ကြားမှာတော့ ချွဲတတ်သူဖြစ်ရင်တော့ ကောင်လေးတွေ အတွက်ကတော့ ကိုယ့်ရဲ့ မိန်းကလေးပါပဲလို့ တွေးလိုက်တော့မှာပါ။ ကိုယ့်ကိုပဲချွဲနေတယ်ဆိုတာ ပျော်စရာ အကောင်းဆုံးပါပဲ။ ဒါကြောင့် ဆိုးတေလေးတွေက အချွဲတော်ပါတယ်။
ဆိုးတေလေးတွေက မထိတထိ ကိုင်တတ်တယ်…
ကောင်လေးတွေဟာ ကိုယ့်ကို မသိမသာ၊ မတော်လို့ ကိုင်မိသွားလို့ဆိုရင်လည်း သူက ကိုယ့်ကို ကြိုက်နေတယ်လို့ ထင်တတ်ပါတယ်။ ဒါပင်မယ့် အသားချင်းထိမိတာကို မကြိုက်တဲ့သူဆိုရင်တော့ ခက်ပြီပေါ့။ ဒါကြောင့် ဆိုးတေလေးတွေက ဘယ်အချိန်မှာ တိုက်စစ်ဆင်ရမယ်ဆိုတာကို သိထားပြီး စနစ်တကျ ထိုးစစ်ဆင်မှာဖြစ်ပါတယ်။ နည်းဗျူဟာ အပြည့်ရှိသူတွေပဲ ဖြစ်ပါတယ်။
ဆိုးတေလေးတွေက ရှေ့ဆက်သင့်၊ နောက်ဆုတ်သင့်ကို အမြဲ သုံးသပ်နေတယ်…
အချစ်ရေးဆိုတာ အပေးအယူပါပဲ။ ဥပမာ - ကောင်လေးကို အပြင်မှာ ကြိုက်နေပုံ သရုပ်ဆောင်နေပင်မဲ့လည်း SMS တွေကို တော်တော်နဲ့ အကြောင်းမပြန်တဲ့အခါမျိုးလည်း ရှိပါတယ်။ ဒီတော့ ကောင်လေးမှာတော့ ခြေမကိုင်၊ လက်မကိုင် ဖြစ်ပြီး စိတ်တွေလောပြီး ဖုန်းတွေကောက်ဆက်နဲ့ ဖြစ်ဖူးမှာပါ။ တချိန်က ပြန်တော့လည်း အခုပဲ ချက်ချင်းတွေ့ချင်တယ်လို့ SMS တွေပို့ပြန်ပါတယ်။ သူကတော့ လှည့်စားတတ်တဲ့ ဆိုးတေလေးတွေပါပဲ။ သတိထားပေါ့။
ဆိုးတေလေးတွေက မထိတထိ ကောင်လေးတွေ စိတ်ကစားအောင် လုပ်တတ်တယ်…
ဖမ်းမိသွားတဲ့ ငါးကိုတော့ အစာမကျွေးပါ ဆိုသလို ကောင်လေးတွေကတော့ ကိုယ်လိုက်တဲ့ မိန်းကလေးဆီက အဖြေရသွားပြီ ဆိုရင်နေတော့ မိန်းကလေးအပေါ်မှာ စိတ်ဝင်စားမှုက လျော့နည်းလာပါတယ်။ ဆိုးတေလေးတွေကတော့ မပျင်းရအောင်ကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်ပါလိမ့်မယ်။ မိန်းကလေး ဆန္ဒကို ပြည့်ဝအောင် ဖြည့်စီးပေးမယ့် ကိုကိုတို့အတွက်ကတော့ ကောင်းတာပေါ့။ ဒါပင်မယ့် အမြဲတမ်း စိတ်ကနာမငြိမ်သလို ဖြစ်နေတတ်တဲ့ မိန်းကလေးလို့ တွေးမယ်ဆိုရင်တော့ ကိုယ့်အနားကနေ တဖြည်းဖြည်း ခွဲခွာသွားကြမှာကိုတော့ သတိထားပါ။
Credit: ChelmoTeam
Sunday, October 25, 2015
"ဆိုးတေလေးတွေ ဘာလို့စွန်တာလဲ"
Labels:
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment