Saturday, October 10, 2015

"အစပ်ဆုံး ငရုတ်သီးကို အချိုရည်လို ဖျော်သောက်"


"အစပ်ဆုံး ငရုတ်သီးကို အချိုရည်လို ဖျော်သောက်"

ဒိန်းမတ်နိုင်ငံက အမြွာညီအစ်ကိုသည် စတန့်ထွင်သည့်အနေဖြင့် ကမ္ဘာတွင် အစပ်ဆုံးအဖြစ် သတ်မှတ်ခံထားရသော Carolina Reaper အမည်ရ ငရုတ်သီးအနီရောင် (၁၃၀) ကို ဖျော်ရည်စက်ထဲတွင် ဖျော်ပြီး သောက်ပြခဲ့သောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ယင်းငရုတ်သီးတောင့်သည် အလွန်စပ်ပြီး ၂၀၁၃ နိုဝင်ဘာတွင် အစပ်ဆုံး ငရုတ်သီးအဖြစ် ဂင်းနစ်စံချိန် ပြုစုရေးအဖွဲ့က သတ်မှတ်ခဲ့သည်။ အမည် ဖော်ပြထားခြင်းမရှိသော ဒိန်းမတ်အမြွာညီအစ်ကိုသည် You Tube အစီအစဉ် တစ်ခုကို ၀င်ရောက် ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။ ယင်းအစီအစဉ်ကို အမြွာတွေသာ ၀င်ရောက်ယှဉ်ပြိုင်ပြီး လောင်းကြေးထပ် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ငရုတ်သီး အနီရောင်များကို ဖျော်ရည်စက်တွင် ထည့်ကာ ဖျော်ခဲ့သည်။ ယင်းနောက် ခွက် (၁၀) ခုထဲသို့ အညီအမျှ လိုက်ထည့်ခဲ့သည်။ တစ်ယောက်ကို ငါးခွက်စီ သောက်ခဲ့ကြသည်။ ပထမဆုံး တစ်ခွက် သောက်ပြီးသည့်နောက် ထူပူသွားပြီး မျက်ရည်များ ကျလာသည်။ ယင်းနောက် ဒုတိယခွက် သောက်သည့်အခါ အော့အန်ချင်စိတ် ဖြစ်လာခဲ့သည်။ ငါးခွက်မြောက် သောက်ပြီးသည့်အခါ ဟန်ဆောင်နိုင်ခြင်း မရှိတော့ဘဲ အနီးရှိ နွားနို့ခွက် တစ်ခွက်စီ သောက်ပြီး ထပြေးသွားခဲ့သည်။ ယင်းကဲ့သို့ အစပ်ဆုံး ငရုတ်သီးကို အချိုရည်လို သောက်ပြခဲ့ခြင်းကို နားမလည်နိုင်အောင် ဖြစ်ခဲ့ကြသည်။

Credit: messenger

No comments:

Post a Comment