Wednesday, October 21, 2015

ရင့်ကျက်သွားတဲ့ မိန်းမတယောက်ရဲ့


ရင့်ကျက်သွားတဲ့ မိန်းမတယောက်ရဲ့ အပြုံးဆိုတာ မျက်ဝန်းမှာပဲ တွေ့နိုင်တော့တာမျိုးပါ။

သစ်ရွက်ကြွေတာမြင်ရင် ရင်မခုန်တတ်တော့ပေမဲ့ ပတ်သက်ခဲ့ဖူးတဲ့ အတိတ်တခုကိုတော့ လွမ်းလွမ်းဆွေးဆွေးနဲ့ ပြန်ငေးမိတတ်စမြဲပဲလေ။

ဘယ်လောက်ပဲ တည်ငြိမ်နေပြီပြောပြော၊ တယောက်တည်း ရပ်တည်နေနိုင်ပြီဆိုဆို အားငယ်ချိန်တိုင်းတော့ ဘေးနား ရှိနေစေချင်မိတာပါ။

မတွေ့မမြင်တာ ဘယ်လောက်ကြာကြာ တခါတလေ အဆင်ပြေပါစေလို့တော့
ဆုတောင်းပေးဖြစ်နေမြဲလေ။

Credit: Toe Yee Yee

No comments:

Post a Comment