"ကမ္ဘာ့အမျိုးသမီးများ ဘရာစီယာ မ၀တ်ရေးနေ့"
အမျိုးသမီးများကို ၂၄ နာရီကြာ 'ဘရာ' မဝတ်ကြဖို့ လှုံ့ဆော်တဲ့အနေနဲ့ အောက်တိုဘာ ၁၃ ရက်နေ့ကို No Bra Day (ကမ္ဘာ့အမျိုးသမီးများ ဘရာစီယာ မ၀တ်ရေးနေ့) လို့ သတ်မှတ်ထားပါတယ်။
ဒီလှုံဆော်မှုကို ၂ဝ၁၁ ခုနှစ်က ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှ ပလပ်စတစ်ဆာဂျင် ဒေါက်တာ မစ်ချယ် ဘရောင်း ကနေ စတင်ပြုလုပ်ခဲ့တာပါ။ ဒီလှုံဆော်မှုကို နိုင်ငံပေါင်း ၃ဝ ကျော် ပါဝင်ဆင်နွှဲခဲ့ပါတယ်။
တကယ်တော့ Breast Reconstruction Awareness Day (ရင်သား ပြန်လည် တည်ဆောက်ပေးခြင်း အသိပေးလှုံဆော်တဲ့နေ့) လည်း ဖြစ်ပါတယ်။ ဒီလှုံဆော်မှုဟာ ရင်သား ကင်ဆာရောဂါကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက် တွေအတွက် လှုံဆော်ပေးခြင်းတမျိုးလည်း ဖြစ်ပါတယ်။ ဒါကို လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ဆိုရှယ်မီဒီယာတွေမှာ ဆော်ဩမှုတွေလုပ်နေခဲ့တာပါ။
အင်္ဂလန်နိုင်ငံမှာလည်း အောက်တိုဘာလကို Breast Cancer Awareness Month (ရင်သားကင်ဆာ အသိပညာဖြန့်ဖြူးရေးလ) အဖြစ် သတ်မှတ်ထားပါသေးတယ်။ အမေရိကန်မှာတော့ အဲ့ဒီနေ့ကို လူတွေစိတ်ဝင်စားမယ့် နည်းလမ်းအမျိုးမျိုးနဲ့ ဆင်ယင်ကျင်းပကြပါတယ်။
Credit: ဧရာဝတီ
Monday, October 12, 2015
"ကမ္ဘာ့အမျိုးသမီးများ ဘရာစီယာ မ၀တ်ရေးနေ့"
Labels:
ဗဟုသုတ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment