Monday, October 26, 2015

"သူဟာ သင့်အတွက် အဆိပ်ပြင်းတဲ့ ချစ်သူတစ်ယောက်သာ ဖြစ်ကြောင်း ဒီအချက်တွေက အတည်ပြုပေးနိုင်"


"သူဟာ သင့်အတွက် အဆိပ်ပြင်းတဲ့ ချစ်သူတစ်ယောက်သာ ဖြစ်ကြောင်း ဒီအချက်တွေက အတည်ပြုပေးနိုင်"

သင့်မှာ ဒီလိုချစ်သူမျိုး ရှိနေရင်တော့ ကံဆိုးတယ်လို့ ဆိုပါရစေ။ သူနဲ့ ရေရှည်သာ တွဲမယ်ဆိုရင် သင့်အနေနဲ့ ပျော်ရွှင်မှုဆိုတာ ရှာမရဘဲ နာကျင်မှုတွေကိုသာ ခံစားရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင်ဟာ မြွေတစ်ကောင်လို အဆိပ်ပြင်းတဲ့ ချစ်သူမျိုး ရှိနေလို့ပေါ့။ အဲ့ဒီလို ချစ်သူမျိုးဟုတ်မဟုတ် ဒီအချက်တွေနဲ့သာ ယှဉ်စဉ်းစားကြည့်လိုက်ပါတော့။

၁။ သင်ဟာ ပြသနာတစ်ခု ဖြေရှင်းရမှာတောင် ကြောက်နေရပြီ။

သင်တို့နှစ်ယောက်ကြား ပြသနာတစ်ခု ရှိလာပြီဆိုရင် သူဟာ သင့်ကို အပြစ်တွေထောက်ပြပြီး သင့်ရဲ့သိက္ခာတစ်စက်မှ မကျန်တော့အောင် ပြောဆိုတော့တာပါပဲ။ သင်ဟာ သူနဲ့ယှဉ်ရင် ပြန်မရိုင်းတတ်သူမို့ အမြဲ ခံဘက်ကပေါ့။

၂။ သူ့အတွက် တောင်းပန်စကားဆိုတာ ဘယ်တော့မှ မရှိခဲ့ဘူး။

ဘယ်သူမဆို အမှားတော့ လုပ်ဖူးကြတာပဲ မဟုတ်လား။ သူကတော့ ဘယ်တော့မှ မလုပ်ဖူးတဲ့သူပေါ့။ သူ့ဘ၀မှာ အမှားမလုပ်ဖူးသလို တောင်းပန်တယ်ဆိုတာမျိုးလည်း မရှိခဲ့ဖူးဘူး။ ကိစ္စရပ်တစ်ခုခုမှာ သင်မှန်နေရင်လည်း မချီးကျူးမပြောဆိုဖူးသလို သူကိုယ်တိုင် အမှားလုပ်မိရင်လည်း သူမှားကြောင်း ဘယ်တော့မှ ၀န်မခံဖူးဘူး။

၃။ သူနာကျင်တယ်ဆိုတာ မရှိဘူး၊ ဂလဲ့စားချေပြမယ်ဆိုတာသာ ရှိတယ်။

သင်တစ်ယောက်ယောက်နဲ့ အီစီကလီ လုပ်နေတယ်လို့ သူထင်တယ်ဆိုပါစို့။ သင့်ကို ဒါမလုပ်ပါနဲ့လားလို့ ပြောမယ်များ ထင်နေသလား။ အဲ့ဒီလို ထုတ်ဖော်မပြောပဲ သူကလည်း နောက်တစ်ယောက်နဲ့ အီစီကလီ လုပ်ပြပြီး သင့်ကို နာကျင်စေပါလိမ့်မယ်။

၎။လူတွေကြားထဲ သင်ဟာ အရူးတစ်ယောက်လို ပုံစံမျိုး သူဆက်ဆံပြလိမ့်မယ်။

ပါတီပွဲ၊ ဒင်နာပွဲတွေမှာ လူစုံပြီဆိုတာနဲ့ သူ ဘယ်လောက်တော်ကြောင်းကို အားလုံးသိအောင် ပြောနေတတ်ပေမယ့် သင်ကတော့ အသုံးမကျသလို ပုံစံမျိုး ပြုမူ ပြောဆိုပြနေလိမ့်မယ်။ အားလုံးကြားမှာလည်း သင့်ကို နှိမ်သလိုလို ဆက်ဆံပြလိမ့်မယ်။

၅။သင့်ကို မနာလိုတာတွေ ရှိနေပြန်တယ်။

သင် အလုပ်မှာ ရာထူးတိုးတဲ့အခါ သူ စိတ်မကြည်တော့ဘူး။ နေရင်းထိုင်ရင်း ရန်ရှာဒေါသထွက်တယ်။ သင်တစ်ခုခုကြောင့် စိတ်ထိခိုက်ရင် သူက ပျော်နေသလို သင်ခံစားနေရတယ်။ သင့်စိတ်ထဲ ဒီလိုအဖြစ်မျိုးတွေကြောင့် မကြာခဏ ၀မ်းနည်းနေရတယ်။

မေသော်

Credit: Trend Myanmar

No comments:

Post a Comment