"ဆတ်ဆတ်ထိ မခံတဲ့ အမျိုးသမီးတွေကို ချဉ်းကပ်တဲ့အခါ ရှောင်ကြဉ်ပြောဆိုသင့်တဲ့ စကားလုံးများ"
အမျိုးသားတစ်ဦးဟာ နှုတ်ဆက် စကားတစ်ခွန်းကြောင့်တော့ အမှားမတွေ့နိုင်ဘူးလို့ ထင်နေမှာပေါ့။ ဒါဆိုရင်တော့ မှားပါတယ်။ တစ်ခါတစ်လေ အမျိုးသမီးတွေဟာ ထိလွယ်ရှလွယ်ပြီး နေရာတိုင်းတော့ သဘောထား ကြီးမပေးတတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ သူမနဲ့ ရင်းနှီးမှု ယူလိုတယ်ဆိုရင်တော့ မပြောသင့်တဲ့ နှုတ်ဆက်စကားလေးတွေကို သတိထား ရှောင်ရှားဖို့တော့ လိုပါလိမ့်မယ်။
(၁) မင်းက သိပ်အပြစ်ကင်းရိုးသားတာပဲ။
ဒီစကားကို ဘာသာပြန်ကြည့်မယ်ဆိုရင်တော့ သင်ဟာ သိပ်ပြီး အတွေ့အကြုံမရှိသူလို့ ထင်ချင်စရာ ရှိပါတယ်။ ဘယ်မိန်းကလေးကမှ သူမတို့ကို ရိုးတယ်လို့ သင်တွေးနေတာကို မလိုချင်တတ်ကြပါဘူး။ သူမကို ကောင်းကောင်း မသိသေးဘဲနဲ့ ရမ်းသမ်းပုံဖော်တယ်လို့ ထင်ချင်စရာရှိပါတယ်။ နောက်တစ်ချက်က innocent ဆိုတာ “လှည့်စားဖို့လွယ်ကူတယ်” ဆိုပြီး ပြောချင်တာလို့လည်း အဓိပ္ပါယ် ကောက်နိုင်ပါတယ်။ သင်ဟာ သူမအပေါ် အခွင့်အရေးယူလိုသူ တစ်ယောက်လို့တော့ မထင်မခံချင်ဘူး မဟုတ်လား။
(၂) မင်း ဒီနေ့ ဘာလုပ်မှာလဲ?။ မင်း ဒီနေ့ အရမ်းလှတယ်နော်။
ဒီလိုဆိုတော့ သူမက “အိုး - ဒါဆို အခါတိုင်းနေ့တွေမှာ ငါက ဘာနဲ့များ တူနေလို့တုန်း” ဆိုပြီး တွေးမိတတ်ပါတယ်။ သင်က ဒီလိုမျိုး မဆိုလိုရင်တောင်မှ သူမက အဲဒီလို ယူဆပါလိမ့်မယ်။ အမျိုးသမီးတွေဆိုတာက သူတို့ကိုယ်သူတို့ နေ့တိုင်းမှာ လှပပြီး ကြည့်ကောင်းနေတယ်လို့ အထင် ရောက်နေတတ်တာမျိုးလေ။ ဒါကြောင့် “မင်းကိုကြည့်ရတာ အရမ်းလှတာပဲ” ဆို လုံလောက်ပြီဖြစ်လို့ “ဒီနေ့” ဆိုတဲ့ စကားကိုတော့ ကြပ်ကြပ်ကြီး ရှောင်ရှားရပါလိမ့်မယ်။
(၃) မင်းကြည့်ရတာ ကျန်းမာတဲ့ပုံပဲ။
မင်းဝလာတယ် (ဒါမှမဟုတ်) ၀ိတ်တက်လာတယ် ဆိုပြီး ပြောချင်တာလို့ ထင်ချင်စရာရှိပါတယ်။ ဒီစကားလုံးကို နှုတ်ဆက်စကားအဖြစ် သုံးမယ် စဉ်းစားထားရင်တော့ sorry ပါ။ ဒါဟာ သင့်ရဲ့ dating game ကို ထာဝရနီးပါး အဆုံးသတ် သွားစေနိုင်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ် အလေးချိန်အကြောင်းကို စကားပြောရာမှာ ဘယ်တော့မှ ထည့်မပြောပါနဲ့။
(၄) အရွယ်တင်တယ်နော်။
ဒါကလည်း ရှော့်ခ်ရှိတဲ့ စကားပါပဲ။ တကယ်လို့များ အသက် (၄၀) အရွယ် အမျိုးသမီးတစ်ယောက်ကို ဒီလိုပြောလိုက်မိမယ်ဆိုရင် “(၄၀) ဆိုတာ အတော်များ အိုတဲ့အရွယ်လို့ ထင်နေလားမသိဘူး” ဆိုပြီး သူမစိတ်ထဲ တွေးနေပါလိမ့်မယ်။ ဒါကြောင့် အမျိုးသမီးတွေနဲ့ စကားပြောရာမှာ ကိုယ်ခန္ဓာအလေးချိန်၊ အသက်အရွယ် စတာတွေကို ဝေးဝေးပို့ထားလေ အန္တရာယ်ကင်းလေပါပဲ။ တခြား အကြောင်းအရာတွေနဲ့ အစားထိုးပြောတာ အကောင်းဆုံးပါ။ သူမတို့က အလှအပနဲ့ ပတ်သက်ရင် sensitive ဖြစ်တတ်လွန်းတယ်လေ။
(၅) မင်းက ပိုပြုံးလေ ပိုလှလေပဲနော်။
တကယ်လား?။ ဘယ်အမျိုးသမီးကမှတော့ သွားဖြဲပြီး ရယ်နေရတာမျိုး မျက်နှာပေါ် အချိန်ပြည့် တပ်ဆင်မထားနိုင်ပါဘူး။ ဒါဆို သူမ ပြုံးမနေတဲ့ အချိန်တိုင်းမှာ ရုပ်ဆိုးနေတယ်လို့ ဆိုလိုတာပေါ့။ သင်က ဒီလို မရည်ရွယ်သည့်တိုင်အောင် သူမကတော့ အသည်းနုတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တာကြောင့် ဒီလိုပဲ ထင်မှာပါပဲ။ သင် ဒီလိုပြောလိုက်ရင်တော့ သူမကို မကြာမကြာ ရယ်နေအောင် လုပ်ပေးဖို့ တာဝန်ယူသင့်ပါတယ်။ ဘာကြောင့်လဲဆို မကြာမကြာ ထထရယ်ဖို့က လွယ်တဲ့ကိစ္စမှ မဟုတ်တာပဲ။
ဒီလိုဆိုတော့ သူမတို့က သိပ်ပြီး အထအန ကောက်လွယ်တာပဲလို့ စောဒကတက်စရာ ရှိပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဇီဇာကြောင်မယ်၊ စိတ်ကောက်မယ်၊ အပြစ်ရှာမယ်၊ မြည်တွန်တောက်တီးမယ်။ အမျိုးသမီးတစ်ဦးမှာ ဒီလို အရည်အချင်း အများကြီးမဟုတ်တောင် တစ်ခုတလေတော့ ရှိတတ်ပါတယ်။ ဒါတွေကြောင့်ပဲ အမျိုးသမီးတွေရယ်လို့ ဖြစ်နေတာပေါ့။ ဒီလိုပြောလို့ သူမတို့ဟာ စိတ်ပျက်စရာတွေတော့ မဟုတ်ပါဘူး။ သူမတို့ရဲ့ တခြား ကောင်းတဲ့ အရည်အချင်းတွေလည်း အများကြီး ရှိပါသေးတယ်။
ဟန်နီ
Credit: Trend Myanmar
Wednesday, October 28, 2015
"ဆတ်ဆတ်ထိ မခံတဲ့ အမျိုးသမီးတွေကို ချဉ်းကပ်တဲ့အခါ ရှောင်ကြဉ်ပြောဆိုသင့်တဲ့ စကားလုံးများ"
Labels:
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment