Wednesday, October 28, 2015

"ဂျပန်ကာတွန်း ဇာတ်ကောင်လို ဖန်တီးထားသော ကောင်မလေး"


"ဂျပန်ကာတွန်း ဇာတ်ကောင်လို ဖန်တီးထားသော ကောင်မလေး"

အသက် (၁၈) နှစ် အရွယ်ရှိ သြစတြေးလျနိုင်ငံသူ အမ်ဘာပာာဒင်းသည်  ဂျပန်ကာတွန်း ဇာတ်ကောင်များကို နှစ်သက်သူ ဖြစ်ကြသောကြောင့် ယင်း၏ လူနေမှုပုံစံကိုလည်း ပြောင်းလဲခဲ့သည်။

ဟာဒင်းသည် သူ့ကိုယ်သူ ကာတွန်း ဇာတ်ကောင်အတိုင်း ပြုမူနေထိုင်းခြင်း ဖြစ်သည်။ သို့သော် ကာတွန်း ဇာတ်ကောင်အတိုင်း ဖြစ်ရန်အတွက် ခွဲစိတ်ပြုပြင်ခြင်းများ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။  ပာာဒင်းသည် ဂျပန် ကာတွန်းဇာတ်ကောင် Anime ကို နှစ်သက်သူဖြစ်သည်။ ဟာဒင်းက မိမိအနေဖြင့် Anime ဇာတ်ကောင်ကို အလွန်နှစ်သက်ကြောင်း၊ ထို့ကြောင့် ယင်းပုံစံအတိုင်း ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း၊ Anime ဇာတ်ကောင်သည် ပရိသတ်များအတွက် တစ်မူထူးခြားနေကြောင်း၊ မိမိ၏ နှားခေါင်းနှင့် မျက်စိတို့မှာလည်း တစ်မူထူးခြားနေသောကြောင့် ယင်းသို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟာဒင်းသည် ကာတွန်းဇာတ်ကောင်လို ပြင်ဆင်ထားခြင်းကြောင့် ခွဲစိတ်ထားသည်ပာု အမြဲတမ်း အမေးခံရသည်။ ဟာဒင်းက မည်သည့် ခွဲစိတ်မူမျှ မလုပ်ဘဲ  မိတ်ကပ်ပညာဖြင့်သာ ပြုလုပ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဟာဒင်းသည် ကာတွန်းဇာတ်ကောင်လို ဖြစ်ရေး လိုအပ်သည့် ပစ္စည်းများကို အပောာင်းဆိုင်တွင် သွားဝယ်ခဲ့သည်။ ဟာဒင်းသည် ဂျပန်ကာတွန်း ဇာတ်ကောင်ကို ကြိုက်နှစ်သက်သည့်အပြင် ရုပ်ရည်မှာလည်း အာရှအနွယ်ဘက် ရောက်နေသောကြောင့် အထင်မှားခံရသည်။ သို့သော် ဟာဒင်းက မိမိအနေဖြင့် ဂျပန်လူမျိုးများကို နှစ်သက်ကြောင်း၊ ဂျပန်နိုင်ငံကိုလည်း သွားချင်ကြောင်း ပြောကြားခဲ့သည်။ ဟာဒင်းသည် အသက် (၁၃) နှစ် အရွယ်တွင် Anime ကာတွန်း ဇာတ်ကောင်များကို ကြည့်ရင်း စွဲလမ်းသွားခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ဟာဒင်းသည် ဂျပန်ကာတွန်း ဇာတ်ကောင်းထဲကအတိုင်း ပြုမူနေထိုင်ဆဲဖြစ်သည်။

Credit: messenger

No comments:

Post a Comment