"ယောက်ျားဆန်တဲ့ မျက်နှာမျိုး ပိုင်ဆိုင်တဲ့ အမျိုးသားတွေဟာ မိန်းမဆန်တဲ့ မျက်နှာသွင်ပြင်ရှိတဲ့ အမျိုးသားတွေလောက် ချစ်သူအပေါ် သစ္စာမရှိကြ"
အမျိုးသမီးတွေအတွက်တော့ ဒါဟာ သတင်းကောင်းတစ်ပုဒ်များ ဖြစ်လိမ့်မလား။ အမျိုးသားတွေထဲမှာ အရမ်းနွဲ့လွန်းနေတာမျိုး၊ မိန်းမဆန်တာမျိုး မဟုတ်ပမေယ့် မျက်နှာအနေအထား သွင်ပြင်က မိန်းကလေးတွေလို ကြည့်ကောင်းနေတယ်ဆိုရင် အဲ့ဒီအမျိုးသားဟာ သူ့ချစ်သူအမျိုးသမီးအတွက် လက်တွဲဖော်ကောင်းပါတဲ့။ ဒီအကြောင်းကို The Daily Mail မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ယောက်ျားသိပ်ဆန်လွန်းတဲ့ အမျိုးသားတွေကို လေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ဒီလိုအမျိုးသားတွေဟာ သစ္စာသိပ်မရှိကြသလို ဖခင်ကောင်းတစ်ယောက်လည်း ဖြစ်မလာကြဘူးလို့ ဆိုထားပါတယ်။ ဒီလေ့လာမှုနဲ့ တူညီတဲ့ စိတ်ပညာရှင်တွေရဲ့ တွေ့ရှိချက်ကတော့ အမျိုးသားတွေမှာ အမျိုးသမီးတစ်ယောက်လို မျက်နှာသွင်ပြင်၊ ခပ်ချောချော အမျိုးသားတွေဟာ ကတိက၀တ်တည်ကြသလို သူတို့လက်တွဲဖော်ကို လိမ်ညာတာမျိုး နည်းပါးပါသတဲ့။
လေ့လာမှုအရ ဗြိတိန်အမျိုးသားနဲ့ အမျိုးသမီး အယောက် ၄၀၀ ကျော်ကို ဒစ်ဂျစ်တယ်နည်းနဲ့ ပြောင်းလဲထားတဲ့ အမျိုးသားတွေရဲ့ မျက်နှာအမျိုးမျိုးကို ကြည့်ပြီး မေးခွန်းတွေ မေးမြန်းခဲ့ကြတာပါ။ မေးခွန်းတွေကတော့ သူတို့မြင်တဲ့အမြင်ပေါ် မူတည်ပြီး မိဘအုပ်ထိန်းမှု အပိုင်းတွေသာမက ချစ်တင်းနှီးနှောဖလှယ်ရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေလည်း ပါဝင်ပါတယ်တဲ့။
ခုနပြောသွားတဲ့ မျက်နှာအနေအထားတွေမှာ ယောက်ျားဆန်တယ်ဆိုတဲ့ မျက်နှာမျိုးတွေဟာ မေးရိုးကားကား၊ နှာခေါင်းကြီးကြီးနဲ့ မျက်လုံးသေးသေးပိုင်ဆိုင်တဲ့ မျက်နှာမျိုးဖြစ်ပြီး မိန်းမဆန်တဲ့ မျက်နှာမျိုးဆိုတာက နှုတ်ခမ်းထူထူ၊ မျက်လုံးမျက်အိမ်ကြီးကြီး၊ မျက်ခုံးပါပါးနဲ့ ဇင်ယော်မျက်ခုံးမျိုး ပိုင်ဆိုင်သူတွေကို ဆိုလိုတာပါတဲ့။
ဟန်နီ
Credit: Trend Myanmar
Monday, October 26, 2015
"ယောက်ျားဆန်တဲ့ မျက်နှာမျိုး ပိုင်ဆိုင်တဲ့ အမျိုးသားတွေဟာ မိန်းမဆန်တဲ့ မျက်နှာသွင်ပြင်ရှိတဲ့ အမျိုးသားတွေလောက် ချစ်သူအပေါ် သစ္စာမရှိကြ"
Labels:
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment