Thursday, October 29, 2015

"ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုတိုးလာစေဖို့ သိထားသင့်တဲ့ အချက်များ"


"ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုတိုးလာစေဖို့ သိထားသင့်တဲ့ အချက်များ"

လူတစ်ယောက်အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိမရှိဆိုတဲ့ အချက်ဟာ အရမ်းကို အရေးကြီးလွန်းပါတယ်။ ကိုယ့်ရဲ့ကျောင်း၊ အလုပ်ခွင်၊ အခြား စီးပွားရေးလုပ်ငန်းတွေမှာ အခြားသူတွေနဲ့ ပြောဆိုဆက်ဆံရာမှာ သင့်ကိုယ်သင် ယုံကြည်မှုရှိမှသာ  အခြားသူတွေလည်း သင့်ကို ယုံကြည်နိုင်ပါလိမ့်မယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမဲ့နေတဲ့သူဟာ သူလုပ်ဆောင်ရမယ့် အရာတွေကိုလည်း ဖြစ်မြောက်အောင် မလုပ်နိုင်ကြပါဘူး။ ဒီတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာအောင်၊ တိုးလာအောင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ လေ့ကျင့်ပါ။ အခါခါ လေ့ကျင့်ပါ။

တစ်ခုခုကို လုပ်ဆောင်တော့မယ်ဆို မပြင်ဆင် မလေ့ကျင့်ပဲ မနေပါနဲ့။ ဒါဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုတိုးလာစေဖို့ အဓိကအရေးပါတဲ့ အချက်ပါ။ သင် တစ်ခုခုမလုပ်ဆောင်ခင် လေ့လာ လေ့ကျင့်ပြီး ဒီကိစ္စရပ်ကို အဆင်ပြေပြေလုပ်ဆောင်လိုက်နိုင်တာနဲ့ သင့်ရဲ့ ကိုယ့်ကိုကိုယ်ထားတဲ့ ယုံကြည်မှုဟာ မြင့်မားလာပါလိမ့်မယ်။

၂။ ခန္ဓာကိုယ်အနေအထားကို အမြဲသတိထားပါ။

လမ်းလျှောက်တဲ့အခါ၊ စကားပြောတဲ့အခါ၊ ထိုင်တဲ့အခါ သင့်ခန္ဓာကိုယ်အနေအထားကို သတိထားလိုက်ပါ။ ကုန်းကုန်းလေး ဖြစ်နေတာ၊ ကျုံ့ကျုံ့လေး ဖြစ်နေမယ့်အစား ယုံကြည်မှုအပြည့်နဲ့ ရင်ကိုဖွင့် ခါးကိုမတ်ကာ လမ်းလျှောက်လိုက်ပါ။ တခြားသူတွေနဲ့ စကားပြောဆိုရာမှာလည်း သင်ဟာ သူတို့တွေထက် ညံ့နေတဲ့သူ မဟုတ်ဘူး။ ကိုယ့်အရည်အချင်းကိုယ်သာ သိတယ်။ သင့်အားသာချက်ကို တွေးကာ ပြောဆိုဆက်ဆံပါ။

၃။ ကိုယ့်ကိုကိုယ် ချစ်တတ်ပါစေ။

ကိုယ့်ကိုကိုယ် ယုံကြည်မှုမြင့်မားစေဖို့ဆိုတာ သင့်ရဲ့အားသာချက်တွေ၊ ထူးချွန်တဲ့အရာတွေကို နားလည်ထားပြီး ကိုယ့်ကိုကိုယ် ချစ်တတ်မှသာ ဖြစ်ပါလိမ့်မယ်။

၎။ သင့်ကိုယုံကြည်မှု တိုးမြှင့်ပေးနိုင်ခဲ့တဲ့ အချိန်ကာလတစ်ခုကို ပြန်တွေးကြည့်ပါ။

လူတိုင်းမှာ ကိုယ့်ဘ၀နဲ့ပတ်သက်ပြီး အကျေနပ်ဆုံးအချိန်၊ ဂုဏ်ယူအမိဆုံးအချိန်တွေ ရှိတတ်ကြပါတယ်။ သင့်မှာလည်း ရှိပါလိမ့်မယ်။ ဘယ်လိုအချိန်မျိုးမှာ သင်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ ခေါင်းမော့ကာ လမ်းလျှောက်ခဲ့ဖူးပါသလဲ။ ဒါမှမဟုတ် ဘယ်အရာကိစ္စမျိုးကြောင့် သင် ကိုယ်ဘာသာကိုယ် ဂုဏ်ယူကျေနပ်ခဲ့ဖူးပါသလဲ ပြန်တွေးကြည့်ပါ။

၅။ပြုံးပါ။

သင့်ရဲ့သွားတွေကို ဂရုစိုက်ပြီး အမြဲဖြူဖွေးသန့်စင်နေအောင် ထားပါ။ ပြီးတဲ့အခါ အားလုံး ငေးမောသွားရအောင်သာ ယုံကြည်မှုအပြည့်နဲ့ ပြုံးပြလိုက်ပါ။ သင့်အပြုံးကို တခြားလူကြည့်လိုက်တာနဲ့ သင်ဟာ ကိုယ့်ဘာသာကိုယ် ဘယ်လောက် ယုံကြည်မှုရှိကြောင်း သိသာပါတယ်။

ဟန်နီ

Credit: Trend Myanmar

No comments:

Post a Comment