"ယောက်ျားလေးတစ်ယောက်ကို တကယ်ချစ်ရင်"
၁။ email / facebook password ကို သူ မပေးရင် မတောင်းပါနဲ့…
၂။ သူ့ကို ယုံကြည်ပါ....
၃။ သူ့ကို အကျပ်မရိုက်ပါစေနဲ့...
၎။ သူ့ကို စဉ်းစားခွင့်ပေးပါ....
၅။ သူ့ကို နားလည်ပေးပါ...
၆။ သူ့ကို စာနာပေးပါ....
၇။ သူ့ကို ဦးဆောင်ခွင့်ပေးပါ...
၈။ သူ့ဆီက အကြံဥာဏ်ရယူပါ...
၉။ သူ့ရဲ့မိသားစုကို နားလည်ပေးပါ…
၁၀။ သူ့ကို ဘုကန့်လန့် မပြောပါနဲ့...
၁၁။ သူ့ကို အထင်သေးတဲ့စကား မဆိုပါနဲ့...
၁၂။ အကြောင်းရင်းမရှိ အလကားနေရင်း စိတ်မကောက်ပါနဲ့...
၁၃။ သူ ဖုန်းဆက်ရင် ချက်ချင်းကိုင်ပါ...
၁၄။ သူ မက်ဆေ့ခ်ျပို့ရင် စက္ကန့် ၂၀ ထက် ပိုမကြာပဲ အကြောင်းပြန်ပါ....
၁၅။ online သုံးတဲ့အခါ ...သူ ရှိမရှိ အရင်ကြည့်ပါ....
၁၆။ သူ့ရဲ့ စေတနာစကားကို ပေါ့ပျက်ပျက် မလုပ်ပါနဲ့....
၁၇။ အမြဲတမ်း ကလေး မဆန်ပါနဲ့...
၁၈။ နေရာတကာ သူ့ထက်သိတဲ့ ပုံစံမျိုး မလုပ်ပါနဲ့...
၁၉။ မနက်တိုင်း နှုတ်ဆက်စကားဆိုပါ... အနည်းဆုံး မက်ဆေ့ခ်ျပို့ပါ....
၂၀။ သူနဲ့တွေ့တိုင်း အနမ်းပေးပါ....
၂၁။ သူ့မွေးနေ့ကို မှတ်ထားပါ....
၂၂။ သူ့ရဲ့လစာကို မမေးပါနဲ့...
၂၃။ သူ့ရဲ့အိပ်မက်ကို ပျက်ရယ် မပြုပါနဲ့...
၂၄။ သူနမ်းတဲ့အခါ မျက်စိ မှိတ်ထားပေးပါ.... ဆံနွယ်တွေကို နမ်းခွင့်ပေးပါ…
၂၅။ သူကြိုက်တတ်တဲ့ အရာတွေကို မှတ်ထားပါ...
၂၆။ သူ မကြိုက်တဲ့ ပစ္စည်းတွေကိုလဲ စာရင်းပြုစုထားပါ...
၂၇။ သူ မကြိုက်တဲ့ အကျင့်တွေကို ပြင်ပါ....
၂၈။ သူ့မိဘတွေနဲ့ အဆင်ပြေအောင် နေပေးပါ...
၂၉။ သူ ၀ါသနာပါရာ အလုပ်ကို နားလည်ပေးပါ... အပြစ်မမြင်ပါနဲ့... သင့်ကို ဥပေက္ခာပြုထားတယ်လို့ မထင်ပါနဲ့…
၃၀။ သူ့ရဲ့ အကျင့်ကို သိထားပေးပါ... တကယ်လို့ ပြင်စေချင်တယ်ဆိုရင် နားဝင်အောင် စေတနာထားပြီး ပြောပါ... အော်ဟစ်ပြောဆိုခြင်း မလုပ်ပါနဲ့...
၃၁။ သူပြောတဲ့ စကားတွေကို မှတ်ထားပေးပါ...
၃၂။ ချိန်းထားတဲ့ နေရာမှာ သူ့ကို နာရီဝက်ထက် ပိုမစောင့်ခိုင်းမိပါစေနဲ့...
၃၃။ ဘေးကျပ်နံကျပ်မေးခွန်းမျိုး မမေးပါနဲ့...
၃၄။ သူနဲ့သွားတဲ့အခါ သူ့ရဲ့လက်ကို ချိတ်ထားပေးပါ... သူ ခါးဖက်တာ ခံနိုင်ရည်ရှိပါစေ....
၃၅။ သူ online မှာ ရှိတဲ့အခါ ဘယ်ကောင်မလေးနဲ့ ကျူနေတာလဲ စသဖြင့် စကားတွေနဲ့ စတင် မထိုးနှက်ပါနဲ့...
၃၆။ သူ့ရဲ့ ဆွေမျိုးတွေကို နားလည်ပေးပါ... တည့်အောင်နေပါ...
၃၇။ သူ့ဆွေမျိုးတွေရဲ့ အတင်းအဖျင်းကို သူ့ကို မပြောပါနဲ့...
၃၈။ ထမင်းမစားခင် သူ့ကို ဖုန်းဆက်ပြီး ထမင်းစားပြီးပြီလားလို့ မေးပါ...
၃၉။ သူ နေမကောင်းတဲ့အခါ... ဆေးခန်း လိုက်ပို့ပေးပါ....
၄၀။ သူ အလုပ်အဆင်မပြေတဲ့အခါ သင့်ရဲ့ဆန္ဒကို မျိုသိပ်ထားပေးပါ....
၄၁။ သူ စိတ်ဓာတ်ကျတဲ့အခါ အားပေးစကားဆိုပါ...
၄၂။ သင် သူ့ကို ဘယ်လောက်ချစ်ကြောင်း... အမူအရာများနဲ့ ပြသပါ....
၄၃။ အရင်တုန်းက ရည်းစားဟောင်းနဲ့ သူ့ကို မနှိုင်းယှဉ်ပါနဲ့...
၄၄။ သူ့ရည်းစားဟောင်းအကြောင်းကို အကုန် လိုက်မမေးပါနဲ့...
၄၅။ အကြောင်းတစ်ခုခုရှိရင် သူနဲ့ တိုင်ပင်ပါ...
၄၆။ ဈေးဝယ်ထွက်တဲ့အခါ သူနဲ့ စကားပြောပါ... ၀ယ်မဲ့အရာကိုပဲ အာရုံမစိုက်ပါနဲ့....
၄၇။ သူ့မွေးနေ့မှာ မွေးနေ့လက်ဆောင်ပေးပါ...
၄၈။ သူ့မွေးနေ့မှာ အစောဆုံး မွေးနေ့ဆုတောင်း ပို့ပေးပါ...
၄၉။ အိမ်ပြန် ခွဲခွာခါနီးတိုင်း သူ့ကို အနမ်းပေးပါ....
၅၀။ သူကြိုက်တတ်တဲ့ အစားအစာတွေကို ချက်ပြုတ်တတ်အောင် သင်ယူထားပါ....
၅၁။ သူ သင့်လက်ရာကို မြည်းစမ်းခွင့် ရပါစေ.. ချက်ပြုတ်ကျွေးပါ...
၅၂။ သူမကြိုက်တဲ့ တခြားယောက်ျားလေးအကြောင်း သူ့ရှေ့မှာ မပြောပါနဲ့...
၅၃။ သူ ရှင်းပြတဲ့အခါ သေချာနားထောင်ပါ.. လုံးဝ အရေးမစိုက်တာမျိုး မလုပ်ပါနဲ့...
၅၄။ သူ့ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆက်ပေးခွင့်တောင်းပါ...
၅၅။ သင့် သူငယ်ချင်းတွေနဲ့ သူ့ကို မိတ်ဆက်ပေးပါ....
၅၆။ သင့်မိဘတွေနဲ့ သူ့ကို မိတ်ဆက်ပေးပါ...
၅၇။ အမြဲ နားပူနားဆာ မလုပ်ပါနဲ့.. အခြေအနေကို အကဲခတ်ပါ... နေသာမှ ကြေညာပါ...
၅၈။ သူမသိသေးတဲ့ အကြောင်းအရာတစ်ခု ပြောတဲ့အခါ ဒါလေးတောင်မသိဘူးလား လို့ မပြောပါနဲ့.. အဲလိုတော့ ကြားမိတယ် ကြားဖူးတယ် စသဖြင့် ပြောဆိုပါ...
၅၉။ သူနဲ့ စကားပြောတဲ့အခါ စကားနာမထိုးပါနဲ့...
၆၀။ စကားတစ်ခွန်းကို ထပ်ခါတလဲလဲ နားငြီးအောင် မပြောပနဲ့...
၆၁။ အိမ်ပြန်နောက်ကျတဲ့အခါ သူ့ကို လာကြိုပေးဖို့ တောင်းဆိုပါ...
၆၂။ သူ့ကို စိတ်ကောက်ရင် ၄ ရက်ထက် ပိုမကြာပါစေနဲ့..နားလည်အောင် ညှိနှိုင်းပါ...
၆၃။ လူမှုရေး၊ ဘာသာရေး ၀ါသနာပါတဲ့သူဖြစ်ရင် သူ့အလုပ်ကို ပံ့ပိုးပေးပါ...
၆၄။ သူ့ရှေ့မှာ တခြားကောင်လေးတွေကို စိုက်ကြည့်တာမျိုး မလုပ်ပါနဲ့...
၆၅။ သူ တောင်းပန်တဲ့အခါ သူ့ကို ရှင်းပြခွင့်ပေးပါ... ကိုယ်ပြောချင်ရာကို တစ်ဘက်သတ် မပြောပါနဲ့....
၆၆။ သူ့ဖုန်းကို ချပစ်တာမျိုး မလုပ်ပါနဲ့..
၆၇။ သူ သူ့ငယ်ချင်းတွေနဲ့ တွေ့ဆုံ သောက်စားတဲ့အခါ နားလည်ပေးပါ....
၆၈။ သူ့အလုပ်က မိန်းကလေးတွေနဲ့ ပတ်သက်ရတဲ့ အလုပ်မျိုးဆိုရင် သ၀န်တို မနာလို မဖြစ်ပါနဲ့.. သင့်ကို တကယ်ချစ်တဲ့ ယောက်ျားကောင်းဟာ မဖောက်ပြန်ပါဘူး...
၆၉။ သူ့မိတ်ဆွေ မိန်းကလေးတွေနဲ့ စကားပြောရင် နားလည်ပေးပါ...
၇၀။ သူ့ရှေ့မှာ ရဲတင်းတဲ့ အပြုအမူ မလုပ်ပါနဲ့... ရှက်တဲ့ပုံစံမျိုး ပြုမူပါ...
၇၁။ သင့်ရဲ့ ဆံနွယ်တွေကို သန့်ရှင်းအောင် အမြဲထားပါ.... ကျန်းမာရေးနဲ့ ညီညွတ်အောင် သန့်ရှင်းစွာ နေထိုင်ပါ…
၇၂။ အလိုက်သိတတ်မှု ရှိပါစေ....
၇၃။ အိမ်မှုကိစ္စ နိုင်နင်းအောင် သင်ယူထားပါ...
၇၄။ ကလေး ချစ်တတ်ပါစေ....
၇၅။ သူနဲ့ ပတ်သက်တဲ့ ဘေးစကားကို မယုံပါနဲ့... သေချာလေ့လာပြီးမှ သူနဲ့ ဆွေးနွေးဖွင့်ပြောပါ....
၇၆။ သူကြိုက်တတ်တဲ့ သီချင်းတွေကို မှတ်သားထားပါ....
၇၇။ သူ စိတ်ဆိုးတဲ့အခါ သူနဲ့ သေချာ ဆွေးနွေးပါ... သင့်ရဲ့အမှားကို ၀န်ခံပါ... တောင်းပန်စကားဆိုပါ....
၇၈။ သူ့ကို စိတ်ဆိုးလို့ လမ်းခွဲစကားကို လွယ်လွယ် မဆိုပါနဲ့...
ဒါတွေအားလုံးက တမင်ဖန်တီးယူစရာမလိုဘဲ တကယ်ချစ်နေပြီဆိုရင် ဖြစ်သွားတတ်တဲ့ အချက်တွေဖြစ်ပါတယ်...
ကိုယ့်ချစ်သူကို ချစ်နိုင်ကြပါစေနော်....
ဆုတောင်းပေးလျှက်....
Credit: Hnin Nandar
Tuesday, October 27, 2015
"ယောက်ျားလေးတစ်ယောက်ကို တကယ်ချစ်ရင်"
Labels:
ချစ်မှုရေးရာ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment