"သီတင်းကျွတ်လပြည့်နေ့တွင် MPT ဖုန်းများ SMS အခမဲ့ပို့နိုင်မည်"
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) သည် သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၂၈ ရက်) တွင် တစ်ရက်လုံးမက် ဆေ့ခ်ျ (SMS) အခမဲ့ ပေးပို့နိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
အဆိုပါအစီအစဉ်မှာ MPT ၏ မိုဘိုင်းဖုန်း အမျိုးအစားများဖြစ်သည့် GSM/WCDMA နှင့် CDMA သုံးစွဲသူများ အားလုံးပါဝင်ပြီး ယင်းမိုဘိုင်းဖုန်းအချင်းချင်း ဖုန်းနံပါတ်တစ်ခုကို မက်ဆေ့ခ်ျ ၂၈ စောင်အထိ ပေးပို့နိုင်သည်။
‘‘သီတင်းကျွတ် ပွဲတော်ဆိုတာက ဂါရဝပြုရတဲ့အချိန်၊ ချစ်ခင်ရတဲ့လူတွေကို နှုတ်ခွန်းဆက်ရတဲ့အချိန်ပါ။ အဲဒါကြောင့် MPT သုံးစွဲသူတွေအနေနဲ့ ဒီသီတင်းကျွတ် လပြည့်ရက်မှာ စာတိုတွေ အခမဲ့ပေးပို့ရင်း သူတို့ချစ်ခင်သူတွေကို နှုတ်ခွန်းဆက်နိုင်အောင် လို့ MPT က ကူညီပေးချင်ပါ တယ်’’ ဟု MPT-KSGM Joint Operations ၏ Chief Executive Officer Mr.Takashi Nagashima က ပြောသည်။
သီတင်းကျွတ်ကာလ အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် မက်ဆေ့ခ်ျ အခမဲ့အစီအစဉ်မှာ အောက်တိုဘာ ၂၈ ရက် နံနက် ၀၀း၀၀ နာရီမှ ၂၉ ရက် ၀၀း၀၀ နာရီအထိ သက်တမ်းရှိမည်ဟု MPT က ကြေညာထားသည်။
MPT ၏ စုစုပေါင်းအသုံးပြုသူ ၁၆ သန်းတွင် ဆွေသဟာ အသုံးပြုသူ ၁၀ သန်းနှင့် မူလအတိုင်း အသုံးပြုသူ ခြောက်သန်းရှိကာ ဆွေသဟာအသုံးပြုများအား တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခ ၂၃ ကျပ်၊ မက်ဆေ့ခ်ျတစ်စောင်လျှင် ၁၀ ကျပ်နှင့် အင်တာနက် အသုံးပြုခ 1MB လျှင် ၆ ကျပ်နှုန်း ကောက်ခံနေသည်။
ထက်အာကာ
Credit: 7day daily
Monday, October 26, 2015
"သီတင်းကျွတ်လပြည့်နေ့တွင် MPT ဖုန်းများ SMS အခမဲ့ပို့နိုင်မည်"
Labels:
ပြည်တွင်းသတင်း
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment